DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် ကူးစက်ရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၉၀ သေဆုံး
DVB
·
September 1, 2016
နာဂဒေသတွင် ကူးစက်ရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၉၀ သေဆုံး
1 / 5
Donate to DVB

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါနဲ့ အဟာရချို့တဲ့မှုတွေကြောင့် ဇွန်လ ကစပြီး ၁ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် အယောက် ၉၀ သေဆုံးခဲ့ပါတယ်။

လဟယ်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှာ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ထန်ခေါ်လားမားကျေးရွာမှာတော့ ၂၅ ဦးသေဆုံးခဲ့ပါတယ်။ နန်းယွန်းမြို့နယ် ဒုံဟီးမြို့အတွင်းက ကျေးရွာတွေမှာတော့ ၂၆ ဦးသေဆုံးခဲ့ပြီး ကဲဆန်ဆာလင် ကျေးရွာနဲ့ ကဲဆန်ကားလန်ကျေးရွာ တွေကတော့ ၁၁ ဦးစီ သေဆုံးခဲ့ပါတယ်။

ရောဂါဖြစ်စဉ်အတည်ပြုနိုင်ဖို့အတွက် လူနာ ၅ ဦးရဲ့ သွေးနမူနာယူပြီး ရန်​ကုန်​မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာ လူနာ ၃ ဦး ထံကနေ ဝက်သက်ရောဂါကပ်အသွင် ဖြစ်ပွားခဲ့ကြောင်း သြဂုတ်​လ ၈ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာ ကျန်းမာရေးဦးစီးဌာနက ရောဂါဖြစ်ပွားရာဒေသတွေနဲ့ ကျန်ဒေသတွေကို ကာကွယ်ဆေးတွေ လိုက်လံထိုးပေးနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013