DVB Logo
Home
မြန်မာသတင်း
စည်ပင်၏ တရားစွဲဆိုခံရသည့် သာယာဝတီ ပျံကျဈေးသည် ၃ ဦး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
September 1, 2016
စည်ပင်၏ တရားစွဲဆိုခံရသည့် သာယာဝတီ ပျံကျဈေးသည် ၃ ဦး ဆန္ဒပြ (ဓာတ်ပုံ)
1 / 7
Donate to DVB

သာယာဝတီ မြို့နယ်စည်ပင်သာယာရေး ကော်မတီက သုံးဆယ်မြို့နယ် ကမ်းနားလမ်းမှာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၃ ဦးကို တရားစွဲဆိုဒဏ်ရိုက်လို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုံးဆယ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ မကျီးကုန်းပျံကျဈေးမှာ ဈေးရောင်းချနေတဲ့ ပျံကျ ဈေးသည် ၂၀၀ ကျော်ထဲမှ ဈေးသည် ၃ ဦးကို သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးလမ်းမှာခွင့်ပြုချက်မရှိပဲ ကျူးကျော်ဈေးရောင်းချတဲ့အတွက်အခုလို အရေးယူလိုက်တာပါ။

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၄ အရ အမှုဖွင့်တရားစွဲခဲ့တဲ့အပြင် စီမံခန့်ခွဲမှုဒဏ်ငွေအဖြစ် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ တရက်လျှင် တသောင်းနှုန်းနဲ့ ဒဏ်ရိုက်ခဲ့တဲ့အတွက် အဲဒီတရားစွဲခံရတဲ့ ဈေးသည်သုံးဦးဟာ အခုဆို တဦးကို ၇ သိန်းထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

အခုလို အမှုဖွင့်တရားစွဲဆိုခံရတဲ့အပြင် ဒဏ်ကြေးငွေများ နေ့စဉ်ဆိုသလို ပေးဆောင်ရမှာ ဖြစ်တဲ့အတွက် တရားစွဲဆိုခံရတဲ့ဈေးသည် ၃ ဦးဟာ စက်တင်ဘာလ ၁ ရက်နေ့က သုံးဆယ်မြို့ ကမ်းနားလမ်း မကျီးကုန်းပျံကျဈေးကနေ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သာယာဝတီ မြို့နယ် စည်ပင်သာယာရေးရုံးအရှေ့မှာ ထိုင်သပိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒထုတ်ဖော်ခဲ့တဲ့ ဈေးသည် သုံးဦးက “မကျီးကုန်းပျံကျဈေးတွင် ဈေးသည် ၃ ဦးအများနှင့်တန်းတူ ရောင်းချခွင့်ရရှိရေး၊ လက်လုပ်လက်စားဈေးသည်များအား ဖိနှိပ်မှုများ အလိုမရှိ၊ စည်ပင်သာယာရေးကော်မတီသည် ဈေးသည်အများစုထဲမှ ၃ ဦးကိုသာ တရားစွဲ ဒဏ်တပ်မှုများအား ရပ်ဆိုင်းပေးရေး အပါအဝင် ဈေးမိဈေးဖအဖွဲ့နဲ့ စည်ပင်ကော်မတီအား အလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စည်ပင်ဌာနက တာဝန်ရှိသူကို ဒီဗွီဘီ သတင်းဌာနက သွားရောက်မေးမြန်းခဲ့ရမှာတော့ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ရုပ်သံဖြေကြားဖို့ကို ငြင်းပယ်ခဲ့ပါတယ်။

သတင်း - ဝဏ္ဏထွန်း (လက်ပံတန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013