DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် ဖက်ဒရယ်ဆိုင်ရာ အကြံပြုချက်များ ဖတ်ကြား
DVB
·
September 1, 2016
ငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် ဖက်ဒရယ်ဆိုင်ရာ အကြံပြုချက်များ ဖတ်ကြား
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယနေ့ကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ ဆက်လက်ပြုလုပ်နေပြီး အဖွဲ့အစည်းအသီးသီးက ဖက်ဒရယ်ဆိုင်ရာ အကြံပြုချက်များ၊ မူဝါဒများကို ဖတ်ကြားတင်ပြနေကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးပူးတွဲကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က စက်တင်ဘာ ၁ရက်စလို့ စက်တင်ဘာ ၃ ရက်အထိ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော် စသဖြင့် အလှည့်ကျ ပြောကြားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပုံစံက ဘယ်လိုသွားမလည်းဆိုတော့ အစိုးရ တဦး ပြောမယ်၊ ၁၀မိနစ်။ ပြီးရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ မိနစ် ပြောမယ်။ ပြီးရင် လွှတ်တော်ပြောမယ်။ နိုင်ငံရေးပါတီ ပြောမယ်။ ပြီးရင် တပ်မတော် ပြောမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြောမယ်။ နိုင်ငံရေး ပါတီ ပြောမယ်။ တယောက်ပြီးတယောက် အလှည့်ကျပြောမယ့် ပုံစံမျိုးပါ။”

စက်တင်ဘာ ၁ ရက်မှာ ၃၃ ဦး၊ ၂ ရက်မှာ ၃၃ ဦး၊ ၃ ရက်မှာ ၁၀ ဦး စုစုပေါင်း ၇၆ ဦး ပြောဆို ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာ ၁ ရက်မနက်ပိုင်းမှာ အစိုးရကိုယ်စား ပြောကြားသွားတဲ့ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဒီညီလာခံကပဲ ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုး တည်ဆောက်မယ်ဆိုတာကို ဆွေးနွေးကြရမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

“အနာဂတ် မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ တည်ဆောက် မယ်ဆိုတာ ကျနော်တို့ အစိုးရအနေနဲ့ အပြည့်အ၀သန္နိဋ္ဌာန်ချပြီးသား ဖြစ်ပါတယ်။ ဘယ်လို ဖက်ဒရယ်မျိုးလည်းဆိုတာ ပုံဖော်နိုင်ဖို့ အခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်တွေကြားမှာ ညှိနှိုင်း ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။”

စက်တင်ဘာ ၃ ရက်မနက်ပိုင်း ပြောဆိုဆွေးနွေးပြီးရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ရပ်နားမှာ ဖြစ်ပါတယ်။

နောက်တကြိမ် ညီလာခံကို ၆ လအကြာမှာ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ဒီအတောအတွင်းမှာ နိုင်ငံရေးမူဘောင်များဆွေးနွေးခြင်း၊ အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့များ ဆွေးနွေးခြင်းတို့ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

အခု ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့၊ နိုင်ငံရေးပါတီများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများအပါအ၀င် စုစုပေါင်း လူပုဂ္ဂိုလ် ၇၀၀ ကျော် တက်ရောက်ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013