DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်ဘူးခွံများတွင် သတိပေးရုပ်ပုံများ ယနေ့စထည့်ရမည်
DVB
·
September 1, 2016
ဆေးလိပ်ဘူးခွံများတွင် သတိပေးရုပ်ပုံများ ယနေ့စထည့်ရမည်
Donate to DVB

ဆေးလိပ်ဘူးခွံနဲ့ ဆေးလိပ်ထုပ်တွေမှာ သတိပေးရုပ်ပုံနဲ့ စာသားပုံနှိပ်ခြင်း စက်တင်ဘာ ၁ ရက်နေ့မှာ စတင်အာဏာသက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆေးလိပ်ဘူးခွံတွေ၊ အထုပ်အပိုးတွေပေါ်မှာ ကျန်းမာရေးသတိပေးချက်တွေ ရုပ်ပုံနဲ့ စာသားတွဲပြီး ထင်ရှားစွာဖော်ပြခြင်းနဲ့ လက်ရှိဆေးလိပ်သောက်သုံးနေသူတွေရော စတင်စမ်းသပ်သောက်သုံး လိုတဲ့ လူငယ်တွေအတွက်ပါ ဆေးလိပ်အန္တရာယ်ကို ထင်ထင်ရှားရှားသိစေပြီး ဆေးလိပ် သောက်သုံးမှု လျော့နည်းသွားဖို့ ရည်ရွယ်တာဖြစ်တယ်"လို့ ပြောတာပါ။

အမိန့်ကြော်ငာစာကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်အာဏာ သက်ရောက်မှာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆေးလိပ် နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြု နိုင်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ ၂၀၀၄ ခုနှစ် ဧပြီ ၂၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင် (၁၁) နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၀ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013