DVB Logo
Home
နိုင်ငံရေး
၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ခွင့်မရှိသူ အချို့၏သဘောထားအမြင်များ
DVB
·
September 1, 2016
၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ခွင့်မရှိသူ အချို့၏သဘောထားအမြင်များ
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ဒီနေ့ နေပြည်တော်မှာ စတင်ကျင်းပနေရာမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်တွင်းပြည်ပဧည့်သည်ပေါင်း ၁၆၀၀ လောက် တက်ရောက်နေကြပါတယ်။
ဒါပေမယ့် ဒီညီလာခံမှာ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ခွင့် မရသူတို့ရဲ့ ငြိမ်းချမ်းရေးညီလာခံ အပေါ် အမြင်သဘောထားတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။

မိုင်ဘုန်းကျော် ( အထွေထွေအတွင်းရေးမှူး တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့)
“ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုလို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။ ဒါကလည်း အရင်တုန်းက ဦးသိန်းစိန်တို့ လုပ်ခဲ့တာနဲ့ သိပ်မကွာသလိုပါပဲ။ တကယ့် တိုက်ပွဲတွေဖြစ်နေတဲ့ ကျနော်တို့လို အဖွဲ့အစည်းတွေကျတော့ ပါဝင်ရဖို့ သူတို့က ကန့်သတ်ထားတယ်၊ အဲဒီအတွက်ကြောင့် ငြိမ်းချမ်းရေးကိစ္စသွားမယ်ဆိုရင် တော်တော်လေး အခက်အခဲ ရှိမယ်လို့ ကျနော်တို့မြင်ပါတယ်။ အကောင်းဆုံးကတော့ အစိုးရအနေနဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမယ်လို့ ကျနော်တို့ ဒီလိုပဲမျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ့်ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ ကျနော်တို့ အခုတိုက်နေတဲ့အဖွဲ့တွေ အကုန်လုံးပေါ့နော်၊ ကျနော်တို့ အဖွဲ့အပါအ၀င် ကျန်တဲ့ အဖွဲ့တွေရောပေါ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကောင်းတဲ့အဖြေရှာမယ်လို့ ကျနော်တို့ ဒီလိုပဲ မျှော်လင့်ပါတယ်။ မရှာလို့လည်း ဘယ်လိုမှမဖြစ်ဘူး။ ကျေန်ာတို့ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။”

ဗိုလ်မှူးကြီးကျော်ဟန် (ရက္ခိုင့်တပ်မတော်)
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ သဘောထားထုတ်ပြန်ဖို့ ညှိနေကြပါတယ်။ ပြည်ေ ထာင်စုငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုမြင်သလဲ ဆိုတာကို ကျနော့်အနေနဲ့ ပြောရ နည်း နည်းတော့ ခက်ပါတယ်၊ မဖိတ်ကြားသေးတဲ့ အခြေအနေကနဲ့ မတူဘူးလေ၊ ကိုယ့်အမြင်နဲ့ကိုယ် ပွင့်ပွင့်လင်းလင်းပြောလိုက်ပြန်ရင်လည်း တဘက်မှာက ကိုယ်မပါလိုက်တဲ့အတွက် အဲဒီအမြင်တွေ မကောင်းမြင်ရှုထောင့်ဘက်က ပြောတယ်ဆိုတဲ့ အမြင်မျိုးလည်း မဖြစ်စေချင်ဘူးလေ။”

ဦးစောသန်းမြင့် ( ဒုဥက္ကဋ္ဌ - ဖက်ဒရယ်ပြည်ထောင်စုပါတီ)
“ငြိမ်းချမ်းရေးညီလာခံဆိုတာ ကျနော်တို့ အားလုံးတောင့်တနေတဲ့အရာဖြစ်တယ်။ ၁၉၄၇ ပင်လုံစာချုပ်ကိုလည်း အခုလက်ရှိအစိုးရက ဆက်ပြီးတော့ အကောင်အထည်ဖော်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်မို့ ၂၁ ပင်လုံဆိုတာကို ကျနော်တို့က ထောက်ခံတယ်၊ ဒါပေမယ့် နိုင်ငံရေးပါတီတိုင်း ပါဝင်ခွင့်မရတာကတော့ ခွဲခြားဆက်ဆံခံရတယ်လို့ ကျေန်ာတို့က သတ်မှတ်တယ်၊ အနိုင်မရတဲ့ပါတီဆိုတာ ရာသက်ပန် အနိုင်မရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ နိုင်တဲ့အခါရှိမယ်၊ ရှုံးတဲ့ အခါရှိမယ်၊ ဒါပေမယ့် လူ့အခွင့်အရေးအရတော့ အများကြီး နစ်နာဆုံးရှုံးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်သွားလည်းမတက်ဘူး၊ ညီလာခံကိုတော့ ကြိုဆိုထောက်ခံတယ်၊ ခွဲခြားဆက်ဆံမှုကိုတော့ ကန့်ကွက်တယ်၊ ဒါကြောင့်သွားမတက်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013