DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့လယ်တွင် ဈေးဆိုင်ခန်းများ မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၇ ခန်း ဆုံးရှုံး
DVB
·
August 31, 2016
လွိုင်ကော်မြို့လယ်တွင် ဈေးဆိုင်ခန်းများ မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၇ ခန်း ဆုံးရှုံး
1 / 4
Donate to DVB

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ်ခေါင် ကားဂိတ်မှာ ဒီကနေ့မနက် စောစောက မီးလော င်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၁၇ ခန်းနဲ့ အရောင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့သတင်းရရချင်း မီးသတ်ကားပေါင်း ၁၅ စီး၊ အကူရေသယ်ယာဉ်တွေနဲ့အတူ သွားရောက်ငြိမ်းသတ်ခဲ့ပေမယ့် ဆိုင်ခန်း ၁၇ ခန်းတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လွိုင်ကော် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တယ်လို့ချက်ချင်းသိတာနဲ့ ပြည်နယ်မီးသတ်မှူးဦးဆောင်ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် တစ်ရာကျော်က မီးသတ်ယာဉ်မျိုးစုံ  ၁၅ စီး  အကူရေတင်ယာဉ် ၂ စီး အားလုံး ၁၇ စီးနဲ့ သွားပြီး ငြိမ်းသတ်ပါတယ်။  သတင်းရတာက ၂ နာရီ ၄၀ မိနစ်၊ ကျနော်တို့ရောက်သွားတော့ ၂ နာရီ ၅၀ မိနစ်၊ မနက် ၃ နာရီ မိနစ် ၄၀ မှာ မီးတွေအားလုံးငြိမ်းပါတယ်ခင်ဗျ။  ပျက်စီးဆုံးရှုံးမှုကတော့ ဆိုင်ခန်းအားလုံးပေါင်း ၂၇ ခန်းရှိတဲ့ထဲမှာ  ဆယ်ခန်းကို မီးဆက်မကူးအောင် ကာကွယ်နိုင်ခဲ့ပြီး ၁၇ ခန်းကတော့ မီးလောင်သွားပါတယ်ခင်ဗျာ၊ လူထိခိုက်ဒဏ်ရာရမှုမရှိဘူး၊ ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း ကိုတော့ ကျပ်သိန်းပေါင်း ၂၂၈ သိန်းနဲ့ ၅ သောင်းလို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။”

မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ ဆေးနဲ့ဆေး ပစ္စည်းဆိုင်၊ ဟန်းဆက်ပစ္စည်းရောင်းတဲ့ဆိုင်၊ အလှကုန်ပစ္စည်း၊ ကားပစ္စည်း၊ စက်ဘီးနဲ့ စက်ဘီးအပိုပစ္စည်း၊ ကွမ်းယာဆိုင်တွေ၊ ဆန်ဆိုင်တွေပါ ပါဝင်တယ်လို့  ဆိုပါတယ်။

အဲဒီမီးဟာ ဆိုင်ခန်းတခုမှ ၀ါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာ မျက်နှာကျက်သို့တဆင့် ကူးစက်လောင်ကျွမ်းတာလို့ စုံစမ်းသိရှိရကြောင်း၊ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင် ဦးစောချယ်ရီဘတ်ဆိုသူကို လွိုင်ကော်ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့  ဦးစီးမှူးက ပြောသွားပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013