DVB Logo
Home
မေးမြန်းခန်း
ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပြန်လည်ဆန်း​စစ်မည်ဟု စီအာပီပီ​ပြောကြား
DVB
·
October 18, 2011
ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပြန်လည်ဆန်း​စစ်မည်ဟု စီအာပီပီ​ပြောကြား
Donate to DVB

သမ္မတဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံပွဲက​နေ မြင်​တွေ့​ရတဲ့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​ကို ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) က အ​လေး​ထား​အကဲခတ်​နေသလို စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေ မှတ်ပုံတင်​ရေး​ကိစ္စကို ပြန်လည်ဆန်း​စစ်​နေတယ်လို့​ ​ကော်မတီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီကို ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အနိုင်ရတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ စုဖွဲ့​ထား​တာဖြစ်ပါတယ်။

စစ်အစိုး​ရလက်ထက် ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင်က အန်အယ်လ်ဒီအပါအဝင် စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေကို ပါတီမှတ်ပုံမတင်သဖြင့်​ ပျက်ပြယ်တယ်လို့​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ကြေညာခဲ့​တာ​ကြောင့်​ ဒီ​ကြေညာချက်အ​ပေါ် ပါတီ​တွေက တရား​ဝင်ရပ်တည်ခွင့်​ရှိတယ်လို့​ ကိုင်စွဲပြီး​ တရား​ရင်ဆိုင်ကြပါတယ်။

စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်ကို ​မေး​မြန်း​ထား​ပါတယ်။

တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေကလည်း​ ​လေး​စား​တယ်၊​ အသိအမှတ်ပြုတယ်လို့​ ထုတ်​ပြောထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ အကျယ်ချုပ်ဘဝက လွတ်​နေတယ်။ ဦး​ဝင်း​တင်၊​ ဦး​တင်ဦး​၊​ အန်ကယ်တို့​လည်း​ အပြင်မှာ ရှိ​နေတယ်။ ဖျက်သိမ်း​ခံရတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ ရှိတယ်ဆို​ပေမယ့်​လည်း​ အသစ်​ပေါ်ထွန်း​လာတဲ့​ ပါတီ​တွေလည်း​ ရှိ​နေကြပြီဆို​တော့​ သမ္မတကလည်း​ ငြိမ်း​ချမ်း​ရေး​အတွက် လွှတ်​တော်က​နေ သဝဏ်လွှာ​တွေ ပို့​တာ​တွေ့​တယ်ဆို​တော့​ ဒီလိုမျိုး​ ဆုံချက်တခုကို စီအာပီပီအ​နေနဲ့​ အမိအရ စွဲကိုင်ပြီး​တော့​ သုံး​ပွင့်​ဆိုင်ဖြစ်​အောင် အန်ကယ်တို့​အ​နေနဲ့​ ဘယ်လိုမျိုး​ မဟာဗျူဟာအရ ချမှတ်​ဆောင်ရွက်​နေပါသလဲ။

[caption id="attachment_16640" align="alignright" width="300" caption="ဦးအေးသာ​အောင်"][/caption]

“ကျ​နော်တို့​က စီစဉ်တာက တ​နေရာမှာ အား​လုံး​ဆုံ​တွေ့​ပြီး​တော့​ ညီလာခံတခု ကျင်း​ပတာမျိုး​ မလုပ်နိုင်သည့်​တိုင်​အောင် ကျ​နော်တို့​ ဖိတ်​ခေါ်တာက အင်တာနက်ကပဲ ဖြစ်ဖြစ်၊​ စာတမ်း​တွေပို့​တာပဲဖြစ်ဖြစ်၊​ နည်း​မျိုး​စုံနဲ့​ တိုင်း​ရင်း​သား​ကိစ္စ အ​ရေး​အရာ​တွေကို ​ဆွေး​နွေး​ပြီး​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ တင်ပြတဲ့​စာတမ်း​တွေ၊​ ​ပြောဆိုချက်​တွေကို ရလာတဲ့​အချိန်မှာ စစ်​ဆေး​ပြီး​တော့​ ကျ​နော်တို့​ ကျင်း​ပလိုတဲ့​ဆန္ဒ​တွေရှိတယ်။ ဒါ​ပေမယ့်​ စာတမ်း​တွေ လုံလုံ​လောက်​လောက် မတက်လာတာရှိသလို လတ်တ​လောမှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​တခုကို ကျ​နော်တို့​မြင်​နေရတယ်။ အဲဒီအလှည့်​အ​ကွေ့​မှာ ​ရှေ့​ဆက်မယ့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ရဲ့​ လုပ်ငန်း​စဉ်​တွေ ဘယ်လိုများ​ ​ပေါ်လာမလဲ။ တိုင်း​ရင်း​သား​အား​လုံး​ ပါဝင်မယ့်​ နိုင်ငံ​ရေး​ဆုံချက်တခု ရနိုင်မလား​။ ဒါ​တွေကိုလည်း​ ကျ​နော်တို့​က ​လေ့​လာ​နေပါတယ်။ အထူး​သဖြင့်​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို စီအာပီပီအ​နေနဲ့​ အ​ကောင်း​မြင်ပါတယ်။ လိုလိုလား​လား​လည်း​ ရှိပါတယ်။ တချို့​အချက်အလက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ကတဆင့်​ သိရတာလည်း​ရှိပါတယ်။ ဒီအ​ပေါ်မှာ ကျ​နော်တို့​က နိုင်ငံ​ရေး​ အ​ကွေ့​အလှည့်​တခု​ပေါ့​။ ​ကောင်း​မွန်တဲ့​၊​ မှန်ကန်တဲ့​ အ​ကွေ့​အလှည့်​ဖြစ်ဖို့​ ​မျှော်လင့်​တယ်။ ဒါနဲ့​အတူ တိုင်း​ရင်း​သား​များ​ရဲ့​ပင်လုံအ​ခြေခံအပါအဝင် တိုင်း​ရင်း​သား​ ပြဿနာများ​ဟာလည်း​ ဒီအ​ကွေ့​အလှည့်​မှာ တပါတည်း​ပါဖို့​အတွက် အာရုံစိုက်တယ်။ ဒီအတွက်လည်း​ ထပ်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​၊​ အကျဉ်း​သား​များ​ ​နောက်ထပ်လွှတ်​ပေး​ဖို့​၊​ အ​ခြေအ​နေ အရပ်ရပ်​တွေကလည်း​ နည်း​နည်း​ အချိန်ယူရမယ့်​ အ​နေအထား​မျိုး​မှာ ရှိပါတယ်။”

ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ ​ကော်မရှင်က​နေ ဖျက်သိမ်း​တယ်ဆိုပြီး​ ​ကြေညာတဲ့​ အန်အယ်ဒီအပါအဝင် တိုင်း​ရင်း​သား​ပါတီ​တွေ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲ အနိုင်ရတဲ့​ ပါတီ​တွေအ​နေနဲ့​ အခုအချိန်မှာ ပါတီ​တွေမှတ်ပုံတင်ဆိုရင်လည်း​ တင်လိုက်။ ​ရွေး​ကောက်ပွဲဝင်ဆိုလည်း​ ဝင်လိုက်။ အဲဒီနည်း​လမ်း​ဟာ နိုင်ငံ​ရေး​ လုပ်ဖို့​အတွက် အသင့်​တော်ဆုံး​အ​ခြေအ​နေမျိုး​ဆိုပြီး​ အကယ်၍သာ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုပြီး​ အသံကအခုတ​လော ပြန်ကျယ်လာတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ စီအာပီပီ အဖွဲ့​ဝင်​တွေထဲက မှတ်ပုံတင်​ရေး​၊​ ​ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပတ်သက်လို့​ ဘယ်လိုမျိုး​ အန်ကယ်တို့​ စဉ်း​စား​ပါသလဲ။

“ကျ​နော်တို့​လည်း​ စဉ်း​စား​ပါတယ်။ အဓိက​တော့​ ကျ​နော်တို့​တိုင်း​ပြည်က ဆင်း​ရဲတွင်း​နက်တဲ့​တိုင်း​ပြည်။ ဒီဆင်း​ရဲတွင်း​က ရုန်း​ထွက်နိုင်ဖို့​။ ကျ​နော်တို့​က လူ့​အခွင့်​အ​ရေး​တွေ၊​ ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေ လက်နက်ကိုင် ပဋိပက္ခ​တွေကို ချုပ်ငြိမ်း​ပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​၊​ ပြီး​တော့​ တိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်ဖို့​၊​ ​နောက်ဆုံး​ဖက်ဒရယ်ပြည်​ထောင်စု တည်​ဆောက်ဖို့​အထိ​ပေါ့​။ အဲ​တော့​ ဒီလုပ်ငန်း​စဉ်​တွေ အ​ပေါ်မှာ ကျ​နော်တို့​က အာရုံစိုက်ပြီး​တော့​ အကျိုး​ရှိမယ်ဆိုရင် ကျ​နော်တို့​က ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုအဖွဲ့​အစည်း​နဲ့​မဆို ဘယ်လိုပုံသဏ္ဌာန်နဲ့​မဆို လက်တွဲ​ဆောင်ရွက်ဖို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ရှိပါတယ်။ တချို့​လည်း​ လာ​ဆွေး​နွေး​ကြပါတယ်။ အဲ​တော့​ ​စော​စောက ​ပြောသလို နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်လာဖို့​အ​နေအထား​တွေ၊​ ပြီး​တော့​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​ဆွေး​နွေး​ချက်​တွေ အ​ပေါ်မှာ ဖြစ်ထွန်း​မှု အ​နေအထား​တွေ​ပေါ် မူတည်ပြီး​တော့​ ကျ​နော်တို့​က ဆက်လက် ​ဆွေး​နွေး​ညှိနှိုင်း​ပြီး​တော့​ လုပ်သင့်​လုပ်ထိုက်တဲ့​ လုပ်ရမယ့်​အလုပ်​တွေကို တိုင်း​ပြည်အကျိုး​၊​ ပြည်သူ​တွေအကျိုး​အတွက် လုပ်သွား​မှာဖြစ်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည်တွေ့​တယ်။ သမ္မတကြီး​က​တောင် ​တွေ့​တယ်ဆို​တော့​ အခု အန်ကယ်တို့​တွေ့​တာတပိုင်း​ ထား​ပြီး​တော့​ အကယ်၍ စစ်​မြေပြင်​တွေမှာ ကချင်၊​ ရခိုင်၊​ ကရင်၊​ မွန်၊​ ရှမ်း​ စသဖြင့်​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​တွေ ​ထောင်​သောင်း​ပေါင်း​များ​စွာ ဒုက္ခခံ​နေရတဲ့​ဘဝက လွတ်​အောင် စစ်ပွဲ​တွေ ချက်ချင်း​ရပ်​အောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​အား​၊​ စီအာပီပီရဲ့​ အား​နဲ့​ အစိုး​ရကို နား​ချလို့​မရနိုင်ဘူး​လား​။ သူတို့​တော်​တော် ဒုက္ခ​ရောက်​နေတယ်လို့​ ​ပြောကြပါတယ်။

“အဓိက တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်​နေတဲ့​စစ်ပွဲ​တွေက ရှည်လျား​သလို တိုင်း​ရင်း​သား​ပြည်သူ​တွေရဲ့​ ​နေ့​တိုင်း​လိုလို ခံစား​နေရတဲ့​ဒုက္ခ​တွေကိုလည်း​ ကြား​လည်း​ကြား​တယ်။ သိလည်း​သိတယ်။ ခံလည်း​ခံစား​ရတယ်။ ကျ​နော်တို့​ဖြစ်​စေချင်တာက ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံ​တော်အစိုး​ရအ​နေနဲ့​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​ ကျ​နော်တို့​ တိုက်တွန်း​လိုတယ်။ စီအာပီပီ အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​ပါတီ ​ခေါင်း​ဆောင်တ​ယောက်အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​တ​ယောက် အ​နေနဲ့​ပဲဖြစ်ဖြစ် ကျ​နော်တို့​ပြောချင်တာက​တော့​ တကယ့်​တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်နိုင်ဖို့​ဆိုရင် ချက်ချင်း​ပဲ တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ပြည်တွင်း​စစ်ရပ်စဲဖို့​အတွက် အပစ်အခတ်ကို တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ရပ်စဲပါ။ ပြီး​တော့​ ဆက်လက်ပြီး​တော့​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​တိုက်တွန်း​လိုပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013