
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ဒီနေ့မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ စတင်ပြုလုပ်နေပါတယ်။
ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် aတ်ာလှန်ရေးတပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်တွင်းပြည်ပဧည့်သည်တော်တွေ စုစုပေါင်း ၁၆၀၀ လောက် တက်ရောက်နေကြပါတယ်။
ညီလာခံကို ပြည်တွင်းပြည်ပ သတင်းမီဒီသမား ၂၀၀ ကျော်လည်း သတင်းတက်ရောက်ရယူနေကြပါတယ်။
ညီလာခံ ပထမနေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတို့မှ ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်း အသီးသီး ပြောကြားကြမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - နေဖြိုးဝင်း










