Homeနိုင်ငံတကာ
ရုရှား အုပ်ချုပ်ရေးမှူးဟောင်း အလက်ဆီ စမီယာနော့ဗ်ကို အဂတိလိုက်စားမှုဖြင့် ထောင် ၁၄ နှစ်ချ
ရုရှား အုပ်ချုပ်ရေးမှူးဟောင်း အလက်ဆီ စမီယာနော့ဗ်ကို အဂတိလိုက်စားမှုဖြင့် ထောင် ၁၄ နှစ်ချ
DVB
·
April 7, 2026
ရုရှားတရားရုံးတခုက ခါ့စ်ခ်ဒေသ အုပ်ချုပ်ရေးမှူးဟောင်း အလက်ဆီ စမီယာနော့ဗ်ကို အဂတိလိုက်စားမှုနဲ့ ဧပြီ ၆ ရက်မှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန RIA က ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်မှာ ယူကရိန်းက လပေါင်းများစွာ သိမ်းပိုက်ခံရတဲ့ ခါ့စ်ခ် နယ်စပ်ဒေသက အရာရှိဟောင်း အတော်များများကို နယ်စပ်ကာကွယ်ရေးအတွက် ရည်ရွယ်ထားတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










