DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦး တွေ့ရှိ
DVB
·
August 30, 2016
ချင်းမိုင်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦး တွေ့ရှိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့တော် ချင်းမိုင်မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦးရှိသွားပြီလို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက်က  ချင်းမိုင်ခရိုင် အုပ်ချုပ်ချုပ်ရေးရုံးမှာ  ချင်းမိုင်ခရိုင်ဝန် နိုင်းပ၀င်း ချမ်းနိပဆဒ် နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လပတ်အစည်းအဝေးကျင်းပခဲ့ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ ခရိုင်ကျန်းမာရေးဌာနမှ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦးရှိသွားပြီဖြစ်ကြောင်း အစီရင်ခံခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရောဂါကူးစက်ခံရသူ ၇ ဦးမှာ ဆန်ဆိုင်းမြို့နယ် နောင်ဟန်၊ မယ့်ဖက်နဲ့ ဆန်ဆိုင်းလုံ ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သွေးလွန်တုပ်ကွေးကူးစက်သူများမှာလည်း ချင်းမိုင်ခရိုင်ရဲ့ မြို့နယ်တိုင်းလိုမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ချင်းမိုင်ခရိုင်ဝန်က မိမိဒေသတွင်း ကူးစက်ရောဂါအခြေအနေကို ထိန်ချန်ခြင်းမပြုဘဲ ပြည်သူတွေ သတိထားနိုင်အောင် အသိပေးဖို့၊ ကာကွယ်ကုသရေးလုပ်ငန်းတွေလည်း အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ အထူးသဖြင့် အသိပညာပေးရေး ပိုမိုထိရောက်အောင် နည်းလမ်းသစ်တွေ ရှာဖွေဖို့ အစည်းအဝေးမှာ ညွှန်ကြားသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013