DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံကို လူတိုင်းပါဝင်ထောက်ခံသင့်ဟု စီမံနှင့်ဘဏ္ဍာဝန်ကြီးပြော
DVB
·
August 30, 2016
၂၁ ရာစုပင်လုံကို လူတိုင်းပါဝင်ထောက်ခံသင့်ဟု စီမံနှင့်ဘဏ္ဍာဝန်ကြီးပြော
1 / 9
Donate to DVB

ပုဂံဒေသဟာ မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသည်းပွတ်ဖြစ်သလို ပြည်တွင်း ငြိမ်းချမ်းရေးဟာလည်း တိုင်းပြည်ရဲ့ အသည်းနှလုံးဖြစ်တဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံကို လူတိုင်းပါဝင်ထောက်ခံသင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၃ဝ ရက်နေ့က ပုဂံရှေဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှာ ပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကိုထောက်ခံတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲမှာ ဝန်ကြီး ဦးမြတ်သူက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ဝန်ကြီးတယောက်ရဲ့သဘာထားဆန္ဒကိုပြောရရင် အနီးကပ်ဆုံး ဥပမာပေးရရင် ပုဂံဒေသဟာ မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသည်းပွတ် ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း တိုင်းပြည်ရဲ့ အသည်းနှလုံးပါပဲ။ အဲဒါကြာင့်မို့ အားလုံး ဒီကိစ္စကို တက်တက်ကြွကြွနိုးနိုးကြားကြားနဲ့ ပူပေါင်းပါဝင်သင့်တယ်လို့ ခံယူပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး ထောက်ခံပွဲတွေမှာ ဝန်ကြီးတွေ မပါဝင်ရဘူးလို့ ကန့်သတ်မထားတဲ့ အတွက် သူ့အနေနဲ့ ဒီလူထုဆန္ဒ ခံယူပွဲကို တက်ရောက်တာလို့ ဝန်ကြီးကပြောပါတယ်။

“ဒီပင်လုံညီလာခံ ထောက်ခံပွဲဆိုတာ ဝန်ကြီးဖြစ်ဖြစ် ပြည်သူဖြစ်ဖြစ် အားလုံးရဲ့ရင်ထဲမှာရှိရမယ့် ငြိမ်းချမ်းရေးအတွက်ဆန္ဒ တခုပဲ၊ ဝန်ကြီးဖြစ်လို့ ဒီလိုဆန္ဒခဲယူတဲ့ဟာမျိုး ဆန္ဒထုတ်ဖော်တဲ့ဟာမျိုးမှာ မပါဝင်ရဘူးလို့ ကန့်သတ်ထားတာ မရှိပါဘူး။ ငြိမ်းချမ်းရေးရရင် တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အာရှမှာတင်မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ရှေ့တန်းရောက်လာနိုင်တယ်။”

လူအင်အား ၇ဝဝ လောက်နဲ့ ပြုလုပ်ခဲ့တဲ့ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ပုဂံနဲ့ညောင်ဦးဒေသက လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်ခဲ့သလို လူငယ်အများအပြား ပါဝင်ခဲ့ပါတယ်။

“လူငယ်တွေအတွက်ငြိမ်းချမ်းရေးကအရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးဆိုတာ လူငယ်တွေကနေစရတာပေါ့။ အဲဒါကြောင့် လူငယ်တွေကသာ အကုန်လုံးပါဝင်မယ်ဆိုရင် အဆင်ပြေမှာပါ။ အဲဒါကြောင့် လူငယ်တွေက ငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်”လို့ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ မနွယ်နွယ် က ပြောပါတယ်။

ပုဂံ၊ ညောင်ဦး ဒေသ ၂၁ ရာစုပင်လုံညီလာခံ ဆန္ဒထုတ်ဖော်ပွဲကို သြဂုတ်လ ၃ဝ ရက်နေ့ မနက်ပိုင်းပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး လူမှုရေးအသင်းအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ဒေသခံပြည်သူလူထုတွေက ညောင်ဦးအမှတ် ( ၁ ) နယ်မြေ ဆုတောင်းပြည့် ဘုရားကနေ ရွှေစည်းခုံဘုရားကွင်းပြင် အထိ ချီတက်လမ်းလျှောက် ခဲ့ကြတာဖြစ်ပါတယ်။

ရိုက်ကူး အာကာမင်း၊ သူရိန်၊ ဝဏ္ဏဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013