DVB Logo
Home
Lead Story
ထွေအုပ်၊ စသုံးလုံး၊ အကျဉ်းဦးစီးနဲ့မီးသတ်ကို ပြည်နယ်၊ တိုင်းအစိုးရတွေက ကွပ်ကဲတော့မှာပါ - ဦးဇော်ဌေး
DVB
·
August 30, 2016
ထွေအုပ်၊ စသုံးလုံး၊ အကျဉ်းဦးစီးနဲ့မီးသတ်ကို ပြည်နယ်၊ တိုင်းအစိုးရတွေက ကွပ်ကဲတော့မှာပါ - ဦးဇော်ဌေး
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ ပြည်ထဲရေးဝန်ကြီးက အစိုးရအဖွဲ့တွေထံ စာပေးပို့ထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဒီဗွီဘီ ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာအစိုးရအောက်ကို သွတ်သွင်းပေးခဲ့တယ်ဆိုတဲ့ ညွန်ကြားချက်ဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတာ ၃၊ ၄ ရက်ရှိပြီ။ အဲဒီဖြစ်စဉ်က မှန်လားခင်ဗျ။

“၂ ပိုင်းရှိပါတယ်။ ၂ ပိုင်းရှိတယ်ဆိုတာက သူတို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးပေါ့နော်၊ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ဖွဲ့တွေ၊ ဦးစီးဌာနတွေကို အဲဒီသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်သွားဖို့ဆိုပြီးတော့ လုပ်ထားတာရှိတယ်။ လုပ်ထားတော့ အဲဒီမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကွပ်ကဲမှု ဌာနတွေမှာဆိုရင် အက်စ်ဘီပေါ့နော်၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးကွပ်ကဲမှု တပ်ဖွဲ့တွေမပါဘူး။ မပါဘဲနဲ့ ထွေအုပ်ရယ်၊ စသုံးလုံးရယ်၊ အကျဉ်းဦးစီးရယ်၊ မီးသတ်တပ်ဖွဲ့ရယ် အဲဒါတွေကို သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်၊ ၀န်ကြီးချုပ်ကိုပြောတာ၊ ၀န်ကြီးချုပ်ကနေပြီးတော့ သူက ကွပ်ကဲ၊ သူကတော့ command ပေါ့နော်၊ သူ့ရဲ့ကွပ်ကဲမှုနဲ့ ဆောင်ရွက်ဖို့ဆိုပြီးတော့ မူချပေးတာ။ မူချပေးတော့ ဒါပေမယ့် ဟို စသုံးလုံးပေါ့နော်၊ စသုံးလုံးနဲ့ပတ်သက်လို့ကတော့  လုပ်မယ်ဆိုရင်တော့ ကျနော်တို့သမ္မတရုံးရဲ့ သီးခြားညွှန်ကြားချက်တွေရှိတယ်။ သီးခြားညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်ဖို့ အဲဒါသဘောပြောတာဖြစ်တယ်။”

တရားဝင်ညွှန်ကြားလွှာထုတ်တယ်ဆိုတာ ကွန်ဖမ်းအတည်ပြုနိုင်လားခင်ဗျ။

“မဟုတ်ဘူး၊ မူဝါဒကတော့ ဒီအတိုင်းရှိတယ်။ သို့သော် ညွှန်ကြားလွှာတွေ ဘာတွေက သူတို့ဘယ်လိုကနေ ဘယ်လိုလုပ်လဲမသိဘူး။ ဒါကတော့ သက်ဆိုင်ရာ ကျနော်တို့ စာရွက်စာတမ်းပေါ့နော် လုံခြုံရေးအဆင့်အတန်းတွေရှိတယ်၊ ကျနော်တို့ ပြောနိုင်တာကတော့ ခုနပြောတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ မူဝါဒနဲ့အညီဆိုပြီးတော့ သူက သူ့ပြည်နယ်၊ တိုင်းဒေသကြီးမှာရှိတဲ့ ၀န်ကြီးဌာနတွေရှိတယ်။ ၀န်ကြီးဌာနတွေထဲမှာ ဒီကောင်ကို သင့်တော်သလို ထည့်သွင်းဖွဲ့စည်းပြီးတော့ ဆောင်ရွက်ဖို့ဆိုပြီးတော့ အဲ့လိုလုပ်ထားတာ။”

အဲဒါကို ဘယ်တော့ အကောင်အထည်ဖော်မလဲခင်ဗျ။

“ဘယ်တော့အကောင်အထည်ဖော်မလဲဆိုတော့ ဒီလထဲမှာ ကျနော်တို့က မူတည်တာကိုး။ မူတည်တဲ့အတွက် သူတို့ အခုအကောင်အထည်ဖော်လို့၊ တချို့လည်း ဖော်နေပြီပေါ့နော်။ အခု အကောင်အထည်ဖော်လို့ရပြီပေါ့နော်။ အဲလိုပြောလို့ရပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013