
ဗဟန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူကို မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းမှာ ၂၄ နာရီအတွင်း ဖမ်းဆီရမိခဲ့ပါတယ်။
ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်တုန်း ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ပြစ်မှုကျူးလွန်သူ ဓာတ်ပုံနှင့် ပုံသဏ္ဌာန် တူညီတဲ့ ကိုအောင်ဇင်ဗိုလ်ကို တွေ့ရှိလို့ ထိန်းသိမ်းစစ်မေးမြန်းခဲ့ရာ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့တာပါ။
အမှုကို အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ Yangon Police စာမျက်နှာမှာဖော်ပြထားပါတယ်။
သြဂုတ် ၂၉ ရက်နေ့ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥသာဖရားလမ်းက နှစ်ထပ်တိုက်နေအိမ်တစ်လုံးမှာ မိသားစုဝင်သုံးဦးကို အမျိုးသားတဦးက လည်ပင်းညှစ် ရိုက်နှက်ရာမှာ အမျိုးသမီးတဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။











