DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပေးကော်မရှင်တွင် ကိုဖီအာနန်ကိုထည့်သွင်းမှု အရေးပါသည့်ခြေလှမ်းဟု ဘန်ကီမွန်းပြော
DVB
·
August 30, 2016
ရခိုင်အကြံပေးကော်မရှင်တွင် ကိုဖီအာနန်ကိုထည့်သွင်းမှု အရေးပါသည့်ခြေလှမ်းဟု ဘန်ကီမွန်းပြော
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ ထည့်သွင်းလိုက်တာဟာ အရေးပါတဲ့ခြေလှမ်းတရပ် ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၃၀ ရက် စင်ကာပူကနေ မြန်မာပြည်ကို သွားရောက်မယ့် ခရီးစဉ် မတိုင်ခင်မှာ စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်က ဦးစီးကျင်းပတဲ့ ဟောပြောပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်တာလို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာခေါင်းဆောင်တွေအနေနဲ့ ခွဲခြား ဆက်ဆံမှုကို ကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်ဖို့အတွက် လူ့အခွင့်အရေးကို ပြည့်ပြည့်၀၀လိုက်နာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲတဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါတီက အနိုင်ရခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ တည်ထောင်ရာမှာ တိုင်းရင်းသား အားလုံးပါဝင်ဖို့ လမ်းကြောင်းကို ဖွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ  စင်ကာပူနိုင်ငံကနေတဆင့်  ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ ကာ ပူးတွဲ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက “ဒီကနေ့ညနေပိုင်း အကြမ်းဖျင်း ၄ နာရီ ၅ နာရီပတ်ဝန်းကျင်လောက်ရောက်မယ်၊ နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေမှာပဲတွေ့ဖို့ရှိပါတယ်။ ပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်”လို့ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ  မနက်ဖြန်မှာ နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားဖို့ရှိပြီး ၂ ရက်ကြာခရီးစဉ်အတွင်း မြန်မာသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ အပြင် တခြားနိုင်ငံရေးနဲ့ အရပ်ဘက်အသိုင်းအ၀ိုင်းက ခေါင်းဆောင် တွေနဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013