DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို အိန္ဒိယနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
DVB
·
August 29, 2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို အိန္ဒိယနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
1 / 4
Donate to DVB

အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို  အိန္ဒိယ သမ္မတအိမ်တော်မှာ ဒီကနေ့မနက်က တရားဝင်အခမ်းအနားနဲ့  ဂုဏ်ပြု ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာသမ္မတကို အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှာမာ ဆွာရက်က ဒီကနေ့ မနက်က လာေ ရာက်တွေ့ ဆုံခဲ့ပြီး မွန်းလွဲပိုင်းမှာတော့  အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ တွေ့ဆုံဆွေး နွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ နယ်စပ်တလျာက်က လက်နက်ကိုင်တွေကို ထိမ်းချုပ်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးဖို့ရှိနေတယ်လို့ အိန္ဒိယ သတင်း တွေမှာရေးသားဖော်ပြပါတယ်။

အိန္ဒိယ ၀န်ကြီးချုပ်မော်ဒီကတော့   မြန်မာပြည်ဟာ အိန္ဒိယရဲ့ တမူထူးခြားတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်၊ မြန်မာနိုင်ငံဟာ ခေတ်သစ်တခုကို ၀င်ရောက်နေပြီး  ဒီခတ်သစ်ကို  ရင့်ကျက်တဲ့ခေါင်းဆောင်မှုနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ သံန္နိဌာန်နဲ့ သတ်မှတ်ထား တာဖြစ်တယ်လို့  မြန်မာသမ္မတနဲ့တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အတူတကွလုပ်ဆောင်ကြဖို့ သဘောတူညီမှုရခဲ့တယ်၊ နှစ်နိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှု၊ အခြေခံအဆောက်အဦ၊ စွမ်းရည်မြှင့်တင်ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားကဏ္ဍတွေလည်း ဆွေးနွေးညှိနှိုင်းခဲ့သလို  အိန္ဒိယအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကို အပြည့်အ၀ထောက်ခံကြောင်း အသိပေးခဲ့တယ်လို့လည်းဆိုပါတယ်။

နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာသဘောတူစာချုပ် လေးခုကိုလက်မှတ်ရေးထိုးခဲ့ရာမှာ တံတားပေါင်း၆၉စင်းဆောက်လုပ်ဖို့၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံဆက်သွယ်မယ့် အဝေးပြေး လမ်းပိုင်းတွေ ဆောက်လုပ်အဆင့်မြှင့်ဖို့၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍနဲ့  တိုင်းရင်းဆေးဆိုင်ရာ ကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ဖို့တွေပါဝင်ပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဒီကနေ့မနက်က  အိန္ဒိယလွတ်လပ်ရေးခေါင်ေးဆာင် မဟတ္တမဂန္ဒီရဲ့  အထိမ်း အမှတ်ဂူဗိမ္မာန်ကိုလည်း သွားရောက်ပြီး ပန်းခွေချ ဂါရ၀ပြုခဲ့ပါတယ်။

မနက်ဖြန်မှာတော့ မြန်မာသမ္မတနဲ့ အိန္ဒိယနိုင်ငံ သမ္မတနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိပြီး နှစ်နိုင်ငံအကြီးအကဲတွေရဲ့  ဆွေးနွေးမှုရလဒ်တွေကို  ပူးတွဲကြေညာဖို့ရှိတယ်လို့ သိရပါတယ်။

သမ္မတ ဦးထင်ကျော်  ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို သြဂုတ် ၁၇ရက်ကတည်းက ၄ရက်ကြာချစ်ကြည်ရေးခရီးသွားရောက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေက ဗုဒ္ဓဂါယာနဲ့ ကမ္ဘာ့အံ့ဖွယ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တာ့ဂ်ျမဟာ  ဂူဗိမာန်ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013