DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတက်ရခြင်းအကြောင်း ကချင်ပြည်သူများသို့ ကေအိုင်အို ရှင်းလင်း
DVB
·
August 29, 2016
၂၁ ရာစုပင်လုံညီလာခံတက်ရခြင်းအကြောင်း ကချင်ပြည်သူများသို့ ကေအိုင်အို ရှင်းလင်း
Donate to DVB

လာမယ့် သြဂုတ် ၃၁ ရက်မှာ ကျင်းပဖို့ရှိနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို တက်ရောက်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကေအိုင်အို အဖွဲ့က ကချင်ပြည်သူလူထုတွေကို အသိပေးစာတစောင် ထုတ်ပြန်လိုက်ပါတယ်။

ညီလာခံကို ကေအိုင်အို ဒုဥက္ကဋ္ဌ - ၂ ဗိုလ်ချုပ်ဂွမ်မော် ၊ ကေအိုင်အိုနဲ့အစိုးရကြားငြိမ်း ချမ်ရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ် တို့ဦးဆောင်တဲ့အဖွဲ့မှ စုစုပေါင်းအဖွဲ့ဝင် ၂၄ ဦးတက်ရောက်ဖို့ရှိနေတာပါ။

ဒါပေမယ့် အခမ်းအနားတက်ရောက်ရုံသာဖြစ်ပြီး ဘာမှဆွေးနွေးမှာမဟုတ်တဲ့အကြောင်း သြဂုတ် ၂၇ရက်စွဲနဲ့ စာထုတ်ပြီး ကချင်ပြည်သူတွေကို ရှင်းပြတာဖြစ်တယ်လို့ ကေအိုင်အိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။

“ဒီညီလာခံဖွင့်ပွဲအခမ်းအနားမှာတော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတို့ တခြား တင်ပြစရာတွေဆွေးနွေးစရာတွေ ဆုံးဖြတ်စရာတွေ ဘာမှမရှိဘူး၊ ဖွင့်ပွဲအခမ်းအနား သက်သက်ဘဲဖြစ်ပါတယ်၊ ပြည်သူလူထုက လည်း ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနားထောင်ပြီး အချင်းချင်း အကြံပြုရအောင်ဆိုတဲ့ အချက်လည်း ပါပါတယ်၊ ကေအိုင်အေကတော့ အန်စီအေလက်မှတ်မထိုးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်၊ အန်စီအေလက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ ညီလာခံ တက်ခွင့်ရှိပေမယ့် တင်ပြခွင့်တွေ၊ လက်မှတ်ထိုးတာတွေ၊ ဆွေးနွေးတာတွေခွင့်မပြုဘူးဆိုတဲ့ ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေရှိတယ်၊ ဒါကြောင့် ကေအိုင်အိုက ညီလာခံတက်တယ်ဆို ရင်တော့ ပြည်သူလူထုလည်း အထင်အမြင်မှားမှာစိုးရိမ်လို့ ခုလိုမျိုးထုတ်ပြန်ကြေညာချက် ထုတ်ထားတာ။”

ကေအိုင်အို/ကေအိုင်အေဘက်က ခုလိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ အ သင့်ြ့ပင်ထားပေမယ့် ဒီသြဂုတ်လထဲမှာ တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေပြီး ပြီးခဲ့တဲ့ စနေတနင်္ဂနွေနေ့တွေကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းဘက်မှာရော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက် နမ်ဖတ်ကာကျေးရွာတွဘက်မှာပါ တိုက်ပွဲ ငယ်တွေဖြစ်နေတယ်လို့ ကေအိုင်အိုဘက်ကပြောပါတယ်။

တဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ချိန် တဘက်က ခုလိုထိုးစစ်ဆင်တဲ့ အပေါ်ကို နားမလည်နိုင်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ညီလာခံကို ထိခိုက်စေနိုင်ကြောင်း လည်း ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကတော့ ကချင်ပြည်နယ် ရမခတိုင်းမှူးနဲ့ ကချင်ပြည်နယ်ရဲ မင်းကြီးတို့  မြစ်ကြီးနားမြို့ ကချင် ဓမ္မတက္ကသိုလ်ကို အလည်အပတ် ရောက်လာပြီး သင်းအုပ်ဆရာ ၊ ဓမ္မဆရာတွေကနေတဆင့် ကေအိုင်အိုကို အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့  တိုက်တွန်းဖို့ အလွတ်သဘောပြောခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013