DVB Logo
Home
မြန်မာသတင်း
၎ လောင်းပြိုင်လူသတ်မှု မသင်္ကာသူများကို တွေ့ရှိပါက ဆက်သွယ်ရန် ရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
August 29, 2016
၎ လောင်းပြိုင်လူသတ်မှု မသင်္ကာသူများကို တွေ့ရှိပါက ဆက်သွယ်ရန် ရဲတပ်ဖွဲ့ ထုတ်ပြန်
Donate to DVB

မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၄ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာသူ ၃ ဦးကို တွေ့ရှိပါက ကူညီသတင်းပေးဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ အေးချမ်းလမ်းတွင်နေထိုင်သူ ဦးစိုးနောင်နဲ့ ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူ မောင်ဟန်သူရနဲ့ မောင်စွမ်းထက်မြက်တို့ ၄ ဦး သေဆုံးခဲ့ကြတဲ့အမှုကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး အမှုမှန်ပေါ်ပေါက်စေရေး အပူတပြင်း စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူ မချယ်ရီပွင့်ရဲ့ လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားတဲ့ မသင်္ကာသူ ၃ ဦးရဲ့ ဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်/ရဲစခန်းတွေကို စုံစမ်းပေးဖို့ ဖြန့်ဝေထားပြီး အခြားပြည်နယ်/တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့တွေ ကူညီစုံစမ်းပေးရန် ဖြန့်ဝေထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့  ဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ ကို ဆက်သွယ်သတင်းပေးပို့နိုင်ပြီး ပူးပေါင်းကူညီပေးနိုင်ဖို့နဲ့ သတင်းပေးပို့သူရဲ့ လုံခြုံရေးကို လျှို့ဝှက်ထားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013