DVB Logo
Home
မြန်မာသတင်း
ထုံးဝကျေးရွာ ရေနစ်မြုပ်မှုကြောင့် ကလေးများ ပညာသင်ကြားရေး အခက်ကြုံ
DVB
·
August 29, 2016
ထုံးဝကျေးရွာ ရေနစ်မြုပ်မှုကြောင့် ကလေးများ ပညာသင်ကြားရေး အခက်ကြုံ
1 / 4
Donate to DVB

ညောင်တုန်းမြို့နယ်မှာ ထုံးဝတာ ကျိုးပေါက်ပြီး ရေကြီးနစ်မြုပ်နေတဲ့အတွက် ထုံးဝ ကျေးရွာ အလယ်တန်းကျောင်းကို ဘုန်းကြီးကျောင်း ပြောင်းရွှေ့ပြီး စာသင်ကြားနေရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ထုံးဝကျေးရွာရှိ ထုံးဝတာ ကျိုးပေါက်မှုကြောင့် ဂန်ချောင်းကျေးရွာ အခြေခံပညာအလယ်ကျောင်း ရေကြီး နစ်မြုပ်ကာ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ရေဘေးလွတ်ရာ ဂန်ချောင်း ကျေးရွာ ဓမ္မိကာရမ္မ ဘုန်းတော်ကြီးကျောင်းမှာ ရွှေ့ပြောင်းပညာသင်ကြားနေကြရတယ် လို့ ထုံးဝ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

“ကျမတို့စာသင်ကျောင်းက တာဘေးမှာပါ ဧရာဝတီမြစ်ရေက တဖြည်းဖြည်း မြင့်တက် လာပြီး သြဂုတ်လ ၄ ရက်နေ့က မြစ်ရေလျှံပြီး တာကျိုးသွားတာ၊ ကျောင်းလည်း ရေမြုပ်သွား တာပေါ့လေ။ လူတွေလည်း နီးစပ်ရာကို အော်ဟစ်ခေါ် အကူအညီတောင်းပြီး ရေဘေးလွတ်ကို အသက်လုပြီး ပြေးကြရပါတယ်။ ရေမြုပ်တော့ ကျောင်းကို ခေတ္တပိတ်ထားရပြီး ဂန်ချောင်းဆရာတော်ကြီးနဲ့ ရွာသားများတိုင်ပင်ပြီး ကလေးတွေ ပညာရေး နှောင့်နှေးမှာစိုးလို့ ညောင်တုန်းမြို့နယ်ပညာရေးမှူးဒေါ်ချိုချိုကို တင်ပြပြီး ဆရာတော်ကြီးကျောင်းမှာ အခုလို ယာယီစာသင်ကျောင်းအဖြစ်ဖွင့်လှစ်ရတာပါ။”

ထုံးဝကျေးရွာ ဂန်ချောင်းအခြေခံပညာအလယ်တန်းကျောင်းမှာ မူလတန်းကနေ ၈ တန်းအထိ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ၄၇၇ ဦးရှိပြီး ကျောင်းဆရာ၊ ဆရာမတွေ အပါအ၀င် ပညာရေးဝန်ထမ်း ၁၉ ဦးရှိပါတယ်။

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ထုံးဝကျေးရွာတွင် ဧရာဝတီမြစ်ရေတိုးပြီး တာပြိုကျမှုကြောင့် အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ်ပြီး အိမ်ခြေ ၆၀ ကျော်လည်း ရေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

"လက်ရှိအနေအထားအရတော့ ရေနည်းနည်းပြန်ကျသွားပါတယ်။ ဒါပေမယ့် စိတ်ချလို့ မရသေးပါဘူး။ မိုးထပ်ရွာရင် မြစ်ရေတိုးလာဖို့ပဲရှိပါတယ်။ လူတွေကတော့ ဂန်ချောင်း တာအတွင်းဘက်ကို ပြောင်းရွှေ့နေကြရပါတယ်။ အတွင်း တာဘက်မှာ ယာယီ စာသင်ကျောင်း ဆောက်လုပ်ပေးဖို့ မြို့နယ်ကိုလည်း တင်ပြထားပါတယ်"လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ထုံးဝကျေးရွာမှာ ဧရာဝတီမြစ်ရေလျှံတက်ပြီး "တာ"ဘောင် ကျိုးကျမှုကြောင့် ငရုပ်နဲ့ အခြားသီးနှံတွေလည်း ပျက်စီးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ထုံးဝကျေးရွာမှာ အိမ်ထောင်စု ၃၂၀ နဲ့ လူဦးရေ ၉၇၀ ဦးရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောရပါတယ်။

သတင်း - ညိုထွန်း၊ ဓာတ်ပုံ - ကျော်စွာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013