DVB Logo
Home
မြန်မာသတင်း
တောင်ကျချောင်းကမ်းပါးပြိုကျမှုကြောင့် လူတဦး ဒုတိယအကြိမ်မျောပါပျောက်ဆုံး
DVB
·
August 29, 2016
တောင်ကျချောင်းကမ်းပါးပြိုကျမှုကြောင့် လူတဦး ဒုတိယအကြိမ်မျောပါပျောက်ဆုံး
1 / 3
Donate to DVB

တောင်တွင်းကြီးမြို့နယ်မှာ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က တောင်ကျချောင်း ကမ်းပါးပြိုကျတဲ့အတွက် လူတဦး ရေစီးနဲ့အတူ မျောပါခဲ့ပါ တယ်။

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ငမင်ကျေးရွာအုပ်စု ချိုင်းကျေးရွာနေ   အသက် ၅၂ နှစ်အရွယ် ဦးတင်မြင့်ဟာ ငမင်ချောင်းတဖက်ကမ်းရှိ  ယာခင်းမှအပြန် ချိုင်းကျေးရွာ မြောက်ဘက် ပေ ၂၀၀ ခန့်အကွာ ငမင်ချောင်း ကမ်းပါးဘေးအရောက် တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ချောင်းကန်းပါး ပြိုကျပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့တာပါ။

အဆိုပါ ချောင်းကမ်းပါးပြိုကျမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံများက ငမင်ချောင်းရိုးတလျှောက် လိုက်လံရှာဖွေနေပြီး သြဂုတ် ၂၈ ရက် ညနေပိုင်းအထိ ဆက်လက် ရှာဖွေပေမယ့် မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ ငမင်ချောင်းတွင် နေ့သြဂုတ် ၂၇ ရက် မနက် ၉ နာရီခွဲ အချိန်ခန့်ကလည်း အမှတ် (၁၅၉) ပိတ်ဆွယ်ခုံအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြ (နေ့စား/လပေး) ဆရာမတဦး တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းမှုကြောင့် ရေစီးနောက် မျောပါပျောက်ဆုံးခဲ့ပြီး သြဂုတ် ၂၈ ရက် မနက် ၈ နာရီခန့်က သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဗိုလ်ပြည့် (တောင်တွင်းကြီး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013