DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု စီမံချက်ဖြင့် အရေးယူတော့မည်
DVB
·
August 28, 2016
ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု စီမံချက်ဖြင့် အရေးယူတော့မည်
Donate to DVB

ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို စက်တင်ဘာ ၁ ရက်ကစပြီး စီမံချက်နဲ့ ရှင်းလင်းအရေးယူ ကြပ်မတ်လုပ်ဆောင်သွားတော့မယ်လို့ တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ် အာဏာပိုင်အဖွဲ့က အသိပေးကြေညာလိုက်ပါတယ်။

တိုင်းအတွင်း စည်းကမ်းပျက်ကားတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ နှိုးဆော်ထားပြီး ဆက်သွယ်သတင်းပို့ရမယ့် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ တယ်လီဖုန်းနံပတ်တွေကို တပါတည်း ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ရန်ကုန်ရဲ့ အဓိကလမ်း ၁၁ လမ်းမှာ စီမံချက်ချ လုပ်ဆောင်မှာလို့ ပြောပါတယ်။

“အဓိကကတော့ ရန်ကုန်မြို့ရဲ့ အဓိက မိန်းလမ်းကြီး ၁၁ လမ်းကို ဇောင်းပေးမယ်၊ ဇောင်းပေးပြီးတော့ အခုလက်ရှိဖြစ်နေတဲ့ စည်းကမ်းဖောက်မှုတွေထဲမှာ အရမ်းကို အန္ဒရာယ်အများဆုံးဖြစ်နေတာက ယာဉ်ကြောပြောင်းပြန်မောင်းတာ နံပါတ်တစ်ပေါ့၊ နောက် အရှိန်နဲ့ ထိုးဝင်တာ၊ ဘတ်စ်ကားတွေ အများဆုံးလုပ်လေ့ရှိတယ်၊ နောက်တခုက မကွေ့ရမယ့်နေရာတွေမှာ ကွေ့ဖို့ ကြိုးစားကြတာတွေ။”

အဲ့ဒါတွေအပြင် ပြည်လမ်း၊ အင်းစိန်လမ်း၊ ကမ်းနားလမ်း စတဲ့ ကားမရပ်ရတဲ့ လမ်းတွေမှာ နေ့ရောညပါ ရပ်နားထားတဲ့ ကားတွေကိုပါ အရေးယူတော့မယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာလကစမယ့် စီမံချက်ကာလဟာ တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က အကောင်အထည်ဖော်မယ့် အများပိုင်ဘတ်စ်ကားလိုင်းများ ထွက်ပေါ်လာချိန်ထိ ဖြစ်ပါတယ်။

စီမံချက်ကာလအတွင်း ဖမ်းခံရတဲ့ ကားတွေကို ချမှတ်မယ့် ဒဏ်ကြေးကိုလည်း ကျပ် ၅၀၀၀၀ အနိမ့်ဆုံး ချမှတ်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

ယာဉ်ကြောကျပ်တည်းမှုနဲ့ စည်းကမ်းပျက်ကားတွေကို စီမံချက်ချ ဖမ်းဆီးအရေးယူတဲ့နေရာမှာ အုပ်ချုပ်ရေးအဖွဲ့၊ ယာဉ်ထိမ်းတပ်ဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတို့ အဖွဲ့ဖွဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့အနေနဲ့ အများပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို အများဆုံးမျှော်လင့်ထားပြီး ဘိုင်ဘာ VIBER ကတဆင့် ဓာတ်ပုံနဲ့တကွပေးပို့ရင် အရေးယူမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးတဲ့အဖွဲ့တွေ မတော်တာလုပ်တာတွေ့ရင်လည်း အာဏာပိုင်အဖွဲ့ထံ ဆက်သွယ်တိုင်တန်းနိုင်ကြပြီး စီမံချက်တခုလုံးကို တိုင်းသယ်ပို့အာဏာပိုင်အဖွဲ့ကပဲ ဦးစီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013