DVB Logo
Home
မြန်မာသတင်း
အီတလီ ငလျင်ဒဏ်သင့် မြို့အတော်များများက ဒေသခံများ နေရပ်စွန့်ခွာ
DVB
·
August 28, 2016
အီတလီ ငလျင်ဒဏ်သင့် မြို့အတော်များများက ဒေသခံများ နေရပ်စွန့်ခွာ
1 / 2
Donate to DVB

အီတလီနိုင်ငံ အလယ်ပိုင်းက ငလျင်ဒဏ်ခံမြို့ အတော်များများကို သြဂုတ် ၂၇ ရက်နေ့က လူတွေ စွန့်ခွာ သွားကြပါပြီ။

ငလျင်အပြီး မြေပြင်တုန်ခါမှု တထောင်ကျော် လှုပ်ခတ်ခဲ့တဲ့အပြင် လူသေဆုံးမှုကလည်း ၂၈၄ ယောက်ထိ မြင့်တက်သွားခဲ့လို့ ခုလို စွန့်ခွာခဲ့ကြတာပါ။

ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ခလေး ၂ ဦးရဲ့ ရုပ်အလောင်းတွေအပါအ၀င်  သေဆုံးသူ ၃၅ ဦးကိုလည်း သြဂုတ် ၂၇ ရက်နေ့က နိုင်ငံတော် ဈာပနအဖြစ် အီတလီအလယ်ပိုင်းက အက်ကိုလီ ပီချယ်နို Ascoli Piceno မြို့မှာ ကျင်းပခဲ့ပြီး ဝမ်းနည်းခြင်းနေ့ စတင်လိုက်ပါတယ်။

ရှင်သန်ကျန်ရစ်သူကို တွေ့နိုင်စွမ်းက မျှော်လင့်ချက် နည်းနည်းပဲ ရှိပေမယ့် ကယ်ဆယ်ရေး သမားတွေက ဆက်လက်ရှာဖွေနေဆဲပါ။

လာဇီယိုနဲ့ မာချေးဒေသတွေမှာ အပျက်အစီး အများဆုံးဖြစ်ပြီး လာဇီယိုမှာတော့ လူသေဆုံးမှု အများဆုံး ဖြစ်ပါတယ်။

အနားက အမ်ဘရီယာမြို့လည်း ထိခိုက်ခဲ့ပါတယ်။ မြို့ ၃ မြို့က အနှစ်ရာချီနေတဲ့ အဆောက်အဦတွေ ငလျင်ကြောင့် ပျက်စီးခဲ့ပါတယ်။

ရစ်ခ်ျစတာ စကေး ၄.၂ အထိရှိတဲ့ ငလျင်ထပ်လှုပ်ခဲ့အပြီး မြေပြင်တုန်ခါမှု ၁၃၃၂ ကြိမ် လှုပ်ခဲ့ပြီးပြီလို့ အီတလီ ဘူမိဗေဒတက္ကသိုလ်က သြဂုတ် ၂၇ ရက်နေ့က ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က အင်အားရစ်ခ်ျစတာ စကေး ၆.၂ ရှိတဲ့ ငလျင်က အနက်တိမ်တဲ့ နေရာကို ဗဟိုပြုလှုပ်ခတ်ခဲ့လို့ ခုလို သေကျေပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

ခန့်မှန်းခြေ လူ ၂၅၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပြီး ၂၀၀၉ နောက်ပိုင်း လူအသေအပျောက် အများဆုံး ငလျင် ဖြစ်ခဲ့ပါတယ်။

575689ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ ပဲ့စ်ကာရာ ဒယ် ထရွန်တိုမြို့မှာတော့ ငလျင်ဘေး သက်သာရေး နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆဟာရနဲ့ မြောက်အာဖရိက ဒေသတွေက လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတစုက ကူညီပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013