DVB Logo
Home
မြန်မာသတင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့ Viber မှတဆင့် ၁ နှစ်အတွင်း အကြိမ် နှစ်သောင်းခန့် တိုင်တန်း
DVB
·
August 28, 2016
ယာဉ်ထိန်းရဲတပ်ဖွဲ့ Viber မှတဆင့် ၁ နှစ်အတွင်း အကြိမ် နှစ်သောင်းခန့် တိုင်တန်း
Donate to DVB

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို Viber ကတဆင့် တိုင်ကြားခဲ့တာဟာ တစ်နှစ်ကာလအတွင်း အကြိမ်ပေါင်း နှစ်သောင်းလောက် ရှိခဲ့ပါတယ်။

“အခု သြဂုတ်လ ၂၅ ရက်နေ့အထိ တိုင်ကြားမှုက ၁၆၄၂၇ ကြိမ် တိုင်တန်းခဲ့ပြီး မော်တော်ယာဉ် ဥပဒေအရ အရေးယူမှု အနေနဲ့  ၁၁၆၆၇ မှု အရေးယူခဲ့ပါတယ်။ ဒဏ်ဆောင်မှု အနေနဲ့ကတော့ ၄၀၀၆ မှု ဒဏ်ဆောင်ပြီး ဖြစ်ပါတယ်” လို့ အမှတ် ၂ ယာဉ်ထိန်းရဲ့ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။

အမှု လက်ကျန်က ၇၆၀၀ ကျော်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အွန်လိုင်းက တိုင်ကြားနိုင်တဲ့ Online Complaint Centre ဟာ သြဂုတ် ၁၂ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့တာပါ။ တိုင်ကြားမယ်ဆိုရင် နံပါတ်ထင်ရှားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေနဲ့အတူ နေ့ရက်၊ အချိန်၊ နေရာတွေကို ဖော်ပြ ပေးပို့ရမှာပါ။

အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရဲ့ Viber နံပါတ်တွေကတော့ ၀၉ ၇၇၇ ၄၃ ၆၂၃၂၊ ၀၉ ၇၇၇ ၄၃ ၆၂၃၃၊ ၀၉ ၇၇၇ ၄၃ ၆၂၃၄ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013