Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်
DVB
·
August 28, 2016
14068185_663026253852456_2669602790705169103_n
သြဂုတ် ၂၇ရက် ည ၉နာရီ ၃၅ မိနစ်လောက် မြန်မာ-အိန္ဒိယ နယ်စပ်မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်သွားတယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။ အင်အားရစ်ခ်ျစတာစကေး ၄.၃ ရှိတဲ့ ငလျင်ဟာ မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက် ၃၁ မိုင်ခန့်အကွာ နေရာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာပါ။ မိုးလေ၀သဌာန၊ မြေငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက မြန်မာနဲ့အိန္ဒိယ ကျောက်ထုချပ်တွေ လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသတွေမှာ ငလျင် မကြာခဏလှုပ်လေ့ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024