DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၂ သိန်းတန် မီးပွိုင့်စီမံကိန်း မပြီးသဖြင့် ရက်တိုးပေးရန် တောင်းဆို
DVB
·
August 28, 2016
ကျပ်သိန်းပေါင်း ၂ သိန်းတန် မီးပွိုင့်စီမံကိန်း မပြီးသဖြင့် ရက်တိုးပေးရန် တောင်းဆို
1 / 5
Donate to DVB

ငွေကျပ် သိန်းပေါင်း ၂ သိန်းတန် စီမံကိန်းကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီက သတ်မှတ်ရက်အတိုင်း မပြီးနိုင်လို့ တိုင်းအစိုးရကို ရက်ထပ်တိုးခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ရန်ကုန်မြို့ရဲ့ မီးပွိုင့် စနစ်သစ်ကို မြန်မာရွှေရင်း ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CRCC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေတာပါ။ စီမံကိန်းကို ၆ လ သတ်မှတ်ပေးထားပြီး ရက်ပြည့်တဲ့ သြဂုတ် ၂ ရက်နေ့ အထိ မပြီးသေးတာကြောင့် လက်ရှိမှာ တစ်ရက်ကို ဒဏ်ကြေး ၁ သိန်းစီ သတ်မှတ်ထားတာပါ။

အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲက ဒုတိယရဲမှူးကြီး အောင်ကိုဦးက “သူတို့အနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သုံးလခွဲ အချိန်တိုးပေးဖို့ တောင်ထားတာရှိတယ်။ ခွင့်ပြုမှာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းအတွက် ၁၈.၉၃ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သိန်းရှစ်သောင်းကိုးထောင်ကျော်) သုံးစွဲမယ်လို့ တင်ပြခဲ့ပြီး တင်ဒါအောင်ခဲ့တာ ကျန်ငွေကိုတော့ ထိန်းသိမ်းစရိတ်အဖြစ် ဆက်လက်သုံးစွဲသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီစီမံကိန်းက ရန်ကုန်မြို့တွင်းယာဉ်အသွားအလာကို ထိန်းချုပ်ဖို့နဲ့ ဗဟိုထိန်းချုပ်ရေး စင်တာကို တည်ဆောက်ရမှာပါ။ ဒီအတွက် ငွေကျပ် သိန်းပေါင်း ၂ သိန်းကို အစိုးရက ခွင့်ပြုခဲ့ပါတယ်။

လက်ရှိ အခြေအနေတွေ သိရဖို့အတွက် မြန်မာရွှေရင်းကုမ္ပဏီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရသေးပါဘူး။

ဒုတိယရဲမှူးကြီး အောင်ကိုဦးက “အခုလက်ရှိကတော့ သူတို့ရဲ့ ပစ္စည်းတွေ တင်သွင်းမှုနဲ့ အဆောက်အဦတွေ ဆောက်လုပ်မှုအပေါ်မှာ မူတည်ပြီးတော့ ရာခိုင်နှုန်း ၄၀ ကနေ ၅၀ လောက်ပေးထားပြီး ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဒီ ပရောဂျက်ကို စည်ပင်သာယာရေးကော်မတီကို ချပေးထားတာ ဖြစ်တဲ့အတွက် စည်ပင်သာယာရေး ကော်မတီက ဒါကို အတိအကျ သိပါလိမ့်မယ်။ စည်ပင်သာယာ လမ်း၊ တံတားဌာနကပဲ ကြီးကြပ်ပြီး ဒီတင်ဒါတွေကို ခေါ်ယူခဲ့တာပေါ့” လို့ ပြောပါတယ်။

လုပ်ငန်းဆောင်ရွက်မှုတွေကို သိရဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနဲ့တံတားဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ လွှတ်တော်က ခွင့်ပြုခဲ့တာဖြစ်ပြီး အစိုးရပြောင်းလဲခါနီးမှာ စာချုပ်ချုပ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက “ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကတည်းက ပြည်သူ့ပိုက်ဆံ ဘီလီယံ ၂၀ (ကျပ်သိန်းပေါင်း နှစ်သိန်း) ကို အတိုးချထားရင်တောင်မှ တော်တော်လေးကို အမြတ်ရနေပြီပေါ့။ အခု ဒဏ်ရိုက်တယ်ဆိုတဲ့ ၁ သိန်းဆိုတာက တကယ်လျော်ကန်တဲ့ ပမာဏ ဖြစ်ရဲ့လား ဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်စိစစ်သင့်တယ်” လို့ ပြောပါတယ်။ လွှတ်တော်ကော်မတီကလည်း စိစစ်ကြပ်မတ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အခု သြဂုတ်လ တတိယပတ်အထိ မီးပွိုင့်တွေကို စိုက်ထူနေတုန်းပဲ ဖြစ်တာကိုတွေ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013