DVB Logo
Home
မြန်မာသတင်း
ခိုင်မျိုးထွန်းကို ချက်ချင်းလွှတ်ပေးရန် ပုဏ္ဏားကျွန်းတွင် ဆန္ဒထုတ်ဖော်
DVB
·
August 27, 2016
ခိုင်မျိုးထွန်းကို ချက်ချင်းလွှတ်ပေးရန် ပုဏ္ဏားကျွန်းတွင် ဆန္ဒထုတ်ဖော်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီကနေ့မွန်လွဲပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဒေသခံတွေ ဆန္ဒထုတ်ဖော်လိုက်ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ကိုမျိုးဝင်က “မတရားဖမ်းဆီးခံထားရတဲ့ ခိုင်မျိုးထွန်းကို ကျနော်တို့မြို့နယ်၊ ရဟန်းသံဃာတော်အပါအဝင်ကျောင်းသူ/သားတွေက သူ့ကိုလ့တ်ဖို့ ဆန္ဒထုတ်ဖော်ပြရတာဖြစ်ပါတယ်။ ခိုင်မျိုးထွန်းကို ဖမ်းဆီးလိုက်တာ လုံးဝမတရားဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားတွေအပေါ် မတရားနှိပ်စက်တာတွေ ဖမ်းဆီးတာတွေရှိပါတယ်။ ပေါ်တာဆွဲတာတွေရှိတယ်။ တခြားဟာတွေ အများကြီးရှိတယ်။ ဒါတွေကို အမှန်တရားပေါ်ပေါက်ဖို့အတွက် ခိုင်မျိုးထွန်းက တကမ္ဘာလုံး သိအောင်ဖော်ထုတ်လိုက်တယ်။ ဒါကိုတပ်ကမကြိုက်ဘူးပေါ့” လို့ပြောပါတယ်။

“ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ တတိယနှစ်ကျောင်းသူ မအိစံဖြိုးက “ညီမတို့ဘယ်သူ့ကို ယုံကြည်ရတော့မလဲ၊ အမှန်တရားအတွက်ဖော်ထုတ်တယ်။ လုပ်ဆောင်လိုက်တယ်။ ဒီလိုအမှန်တရားအတွက် လုပ်ဆောင်နေသူ တိုက်ပွဲ ဝင်နေသူတစ်ဦးကို မတရားဖမ်းဆီးလိုက်တော့ အမှန်တရားကိုဖုံးကွယ်လိုက်တာပဲ။ ကျမတို့ တိုင်းရင်းသားတွေ အတွက်အမှန်တရားကဘာလဲ။ ဒီလိုပဲတိုင်းရင်းသားတွေအပေါ် နှိပ်ကွက်နေတော့ မလား။ ကျမတို့တတွေဟာ အဖိအနှိပ်ခံဘဝကတော့ တသက်လုံးနေရတော့မလား။ ဖိနှိပ်တာတွေရပ်တန့်ပေးပါ။ ခိုင်မျိုးထွန်းကိုချက်ချင်းလွှတ်ပေးပါ။ ကျမတို့တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို ပုဏ္ဏားကျွန်းမြို့ လောကမရဇိန်ဘုရားရှေ့မှာလူစုပြီး၊ အဲ့ဒီကနေတဆင့် စစ်တွေ-ရန်ကုန်လမ်း မ-ခမရ ၅၅၀ တပ်နဲ့ မြို့ပတ်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ကလည်း မြောက်ဦးမြို့ ဒေသခံတွေ ရာနဲ့ချီ ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

သြဂုတ် ၂၅ ရက်နေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာ စွပ်စွဲခံရထားတဲ့ ခိုင်မျိုးထွန်း အာမခံချက် လျောက်လဲချက်နဲ့ တရားလိုဘက်က လျှောက်လဲတာတွေကို တရားသူကြီးကြားနာပြီးနောက်၊ တရားသူကြီးက ခိုင်မျိုးထွန်းဟာ တရားရုံးက သမ္မာန်စာနဲ့ ခေါ်တာကို နှစ်ကြိမ်တိတိပျက် ကွက်ခဲ့ပြီး၊ အခုအမှုဟာလည်း အာမခံချက်ရတဲ့ ချွတ်ယွင်းချက်ထဲမှာ အကျုံးမဝင်တာကြောင့် အာမခံမပေးနိုင်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ခိုင်မျိုးထွန်းကို နောက်တပတ် စက်တင်ဘာ ၂ ရက်နေ့မှာ ပြန်လည်းရုံးချိန်းထားပါတယ်။

သတင်း၊ ဝဏ္ဏခွာညို၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013