DVB Logo
Home
မြန်မာသတင်း
ရွှေကျင်တွင် ဘောလုံးပွဲမစမီ မိုးကြိုးပစ်ခံရသဖြင့် လူ ၆၀ ခန့် ဒဏ်ရာရ
DVB
·
August 27, 2016
ရွှေကျင်တွင် ဘောလုံးပွဲမစမီ မိုးကြိုးပစ်ခံရသဖြင့် လူ ၆၀ ခန့် ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာမှာ ဘောလုံးပွဲမစခင် ကွင်းအနီး ညောင်ပင်ကို မိုးကြိုးပစ်လို့ ညောင်ပင်နားက လူ ၆၀ လောက် မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရပြီး ၁၈ ဦး ဆေးရုံတင်ကုသလိုက်ရပါတယ်။

သြဂုတ် ၂၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကစားသမားတွေရော၊ အားပေးတဲ့ ပရိသတ်တွေပါ မိုးကြိုးစက်ကွင်းမိခဲ့ကြတာလို့ ရွှေကျင်မြို့ အရေးပေါ်လူ နာတင်ယာဉ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပြောပါတယ်။

အဲ့ဒီရွာမှာ ဘောလုံးပွဲမစခင် ညောင်ပင်ကြီးနား မတ်တပ်ရပ်နေကြတဲ့အချိန် ဖြစ်တာ၊ ညောင်ပင်ကို မိုးကြိုးပစ်လိုက်တာပေါ့နော်၊ ပစ်လိုက်တဲ့အချိန်မှာ အဲ့ဒီဘေးနားပတ်ဝန်း ကျင်မှာရှိတဲ့  ကစားသမားရော ပွဲကြည့်ပရိသတ်ရော အားလုံး ၁၈ ယောက်၊ မိုးကြိုးစက်ကွင်း မိသွားတာ၊ မိုးကြိုးထိမိတဲ့ပုံစံမျိုးနဲ့ မည်းသည်းသွားတာ မဟုတ်ဘူးဗျ၊ ရိုးရိုးဓာတ်လိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတာ။”

မနေ့ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတို့မှာ မိုးကြိုးစက်ကွင်းမိတဲ့ထဲ ပါတဲ့ လူအယောက် ၆၀ လောက် ဆေးရုံလာပြကြတယ်၊ လက်ရှိ ဆေးရုံတင်ထားရသူ ၅ ဦးပဲ ရှိတော့တယ်လို့လည်း ပြောပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က အနာက်တောင်မုတ်သုံလေဦးဟာ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းတည်ရှိနေတယ်။ အနာက်တောင်မုတ်သုံလေဦး တလျှောက်တွင် မိုးတိမ်တောင်များ တန်းစီဖြစ်နေကာ ရာသီဥတု မငြိမ်မသက် ဖြစ်စေတတ်တယ်။ အထူးသဖြင့် လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်တတ်တယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013