DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၇ ဦး သေဆုံး
DVB
·
August 27, 2016
သီပေါတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၇ ဦး သေဆုံး
1 / 5
Donate to DVB

သီပေါမြို့နယ်မှာ ခရီးသည်တင် ယာဉ်တစီး ဒီနေ့ မနက် ၁၀ ခွဲလောက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ၇ ဦးသေဆုံးသွားပါတယ်။

နေပြည်တော်ကနေ လားရှိုးကို ထွက်ခွာလာတဲ့ ကြယ်စင်ဟိန်း ခရီးသည်တင် Expresss ယာဉ်အမှတ် 9F-5199 ဟာ သီပေါမြို့နယ် စံလောင်းကျေးရွာနဲ့ ကုံးမုံကျေးရွာကြား မိုင်တိုင်အမှတ် (၁၄၉/၃) အရောက်မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

အခင်းဖြစ်နေရာကို သီပေါမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ သွားရောက်ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ ခရီး ၂၆ ဦး၊ ယာဉ်မောင်း ၂ ဦး ယာဉ်နောက်လိုက် ၂ ဦး စုစုပေါင်း လူ ၃၀ လိုက်ပါလာပြီး ဒဏ်ရာရသူတွေကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးနေပါတယ်။ ဒဏ်ရာရသူထဲက  ၇ ဦး သေဆုံးသွားပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013