DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ထွက်ခွာ
DVB
·
August 27, 2016
သမ္မတဦးထင်ကျော် အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ထွက်ခွာ
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ဟာ အိန္ဒိယသမ္မတ ပရာနက်မူခါဂျီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီး ဒီနေ့ စတင်ထွက်ခွာသွားပါတယ်။

သမ္မတဦးထင်ကျေ်ရဲ့ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာကို ပထမဆုံးသွားရောက်မယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ပထမတော့ ဗုဒ္ဓဂါယာသွားမယ်၊ ပြီးရင် နယူးဒေလီသွားမယ်၊ ပြင်ဆင်ထားတာတော့ အဲ့ဒီလိုပါ။ ခရီးစဉ်အသေးစိတ်နဲ့ နှစ်နိုင်ငံကြား ဆွေးနွေးမယ့်ကိစ္စရပ်တွေတော့ သတင်းထုတ်ပါလိမ့်မယ်။”

သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာနှင့် တာ့ဂ်ျမဟာတို့ အပါအဝင် အိန္ဒိယနိုင်ငံရဲ့ သမိုင်းအမွေအနှစ်နဲ့ ယဉ်ကျေးမှုနေရာတွေကို သွားရောက်လည်ပတ်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၇ ရက်မှ ၃၀ ရက်အထိ ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ မြန်မာသမ္မတဟာ နယူးဒေလီမြို့မှာ အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား  အစဉ်အလာအရ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်း လာအောင် တိုးမြှင့်ဖို့  အထောက်အကူဖြစ်စေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ အဆင့်မြင့်အရာရှိကြီးတွေလည်း ချစ်ကြည်ရေးခရီးစဉ်မှာ လိုက်ပါသွားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဲ့ အရပ်သား အစိုးရတက်လာပြီးနောက် မြန်မာသမ္မတတဦးအနေနဲ့ အိန္ဒိယနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးသွားရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013