DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ဆရာမတဦး တောင်ကျချောင်းရေနှင့်အတူ မျောပါပျောက်ဆုံး
DVB
·
August 27, 2016
တောင်တွင်းကြီးတွင် ဆရာမတဦး တောင်ကျချောင်းရေနှင့်အတူ မျောပါပျောက်ဆုံး
1 / 4
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းက မိုးကြီးပြီး တောင်ကျချောင်းရေ ရုတ်တရက်စီးဆင်းလို့ ကျောင်းဆရာမတဦး မျောပါ ပျောက်ဆုံးနေပါတယ်။

ပညာရေးဝန်ထမ်းတွေဖြစ်ကြတဲ့ တောင်တွင်းကြီးမြို့နယ်၊ အောင်းစုအုပ်စု၊ အောင်းစုကျေးရွာနေ ဒေါ်လင်းစန္ဒာ၊ ငမင်ကျေးရွာနေ ဦးရန်နိုင်လင်း၊ ကရင်စုကျေးရွာနေ ဒေါ်မေဇင်ခိုင်တို့ ၃ ဦးဟာ တာဝန်ကျတဲ့ ကျောင်းကိုအသွား ငမင်ချောင်းအားဖြတ်ကူးစဉ် ရေစီးနဲ့ မျောပါခဲ့ကြတာ ဖြစ်ပါတယ်။

အကျယ်ပေ ၅၀ လောက်ရှိတဲ့ ငမင်ချောင်းအားဖြတ်ကူးစဉ် ရုတ်တရက် တောင်ကျချောင်းရေကျဆင်းလာပြီး အသက် ၂၇ အရွယ် ဆရာမ ဒေါ်လင်းစန္ဒာနဲ့ ဒေါ်မေဇင်ခိုင်တို့ ၂ ဦးမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ဒေါ်မေဇင်ခိုင်ကို ဒေသခံတစ်ဦးက တွေ့မြင် ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဒေါ်လင်းစန္ဒာမှာ ရေစီးနဲ့အတူ မျောပါ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်တွင်းကြီးရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက အတည်ပြု ပြောကြားပြီး ရှာဖွေနေတုန်းလို့ ပြောပါတယ်။

“လောလောဆယ်တော့ ကြေးနန်းတပ်ထားတယ်၊ ရှာဖွေဆဲပေါ့နော်။ တကယ်လို့ တွေ့တယ်ဆိုရင်တော့ သေမှုသေခင်း ဖွင့်ရမှာပေါ့။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေရော၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရော၊ အရန်မီးသတ်တပ်ဖွဲ့တွေရော ငမင်ချောင်းထဲ ရှာနေကြတုန်း။”

သြဂုတ် ၂၇ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်ကတည်းက ရေစီးထဲ မျောပါပျောက်ဆုံးနေတဲ့ ဆရာမ ဒေါ်လင်းစန္ဒာကို မွန်းလွဲ ၂ နာရီလောက်အထိ ရှာ မတွေ့သေးတာ ဖြစ်ပါတယ်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013