DVB Logo
Home
မြန်မာသတင်း
ခန္တီးခရိုင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး အချုပ်သား ၉ ဦး ထွက်ပြေး
DVB
·
August 27, 2016
ခန္တီးခရိုင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး အချုပ်သား ၉ ဦး ထွက်ပြေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ရဲစခန်းမှာ သြဂုတ် ၂၆ ရက်နေ့ ည ၈ နာရီလောက်မှာ  အချုပ်ခန်းက အချုပ်သား ၉ ဦး ဖောက်ထွင်း ထွက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုဖောက်ထွင်းထွက်ပြေးခဲ့တဲ့ အချုပ်သားတွေက ယာယီစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက  ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးဖို့ ဦးဆောင်သူ ဦးရာပေါ့ ကတော့ အခုချိန်ထိလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

အကျဉ်းသားတွေ အခုလို ဖောက်ထွင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ တာဝန်ကျ ယာယီစခန်းမှူးနဲ့ တပ်သားအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ခန္တီးခရိုင် ရဲစခန်းမှာတော့ အခုအခါမှာ လုံခြုံရေးတိုးမြှင့်ထားပြီး အခုထွက်ပြေးခဲ့တဲ့ အချုပ်သားတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ ထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်ပြီး လွတ်မြောက်နေသူကတော့ နာဂဒေသက မူးယစ်ဆေးဝါးမှုနဲ့ အချုပ်ကျနေသူ ဦးရာပေါ့ ဖြစ်တယ် လို့လည်းသိရပါတယ်။

အဲဒီလို တိုက်ခိုက်ထွက်ပြေးသွားသူတွေကို ခန္တီးခရိုင် ရဲစခန်းက အချုပ်ခန်း ဖောက်ထွင်းမှုနဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် တိုက်ခိုက်မှုတို့နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ခန္တီးခရိုင် ရဲစခန်း အချုပ်ခန်းမှာတော့ အချုပ်သား ၆၀ လောက်သာ နေထိုင်လို့ရပေမယ့် လက်ရှိမှာတော့ အချုပ်သား ၁၀၀ ကျော်နေထိုင်နေရတယ်လို့လည်း သိရပါတယ်။

သတင်းဓါတ်ပုံ - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013