DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးတွင် နိုင်ငံတကာဖိအားနှင့် ပါဝင်ပတ်သက်မှုရှိဟု အစိုးရပြော
DVB
·
August 27, 2016
ရခိုင်အရေးတွင် နိုင်ငံတကာဖိအားနှင့် ပါဝင်ပတ်သက်မှုရှိဟု အစိုးရပြော
Donate to DVB

ရခိုင်ပြည်နယ်အရေးမှာ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အပါအ၀င် နိုင်ငံတကာ ဖိအားနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ အစိုးရက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ရက် ၁၀၀ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ နိုင်ငံတကာက ပညာရှင်များ ထည့်သွင်းဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် ခုလို ခုခံကာကွယ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

"မည်သို့ပင် ငြင်းဆန်စေကာမူ နိုင်ငံတကာ၏ဖိအား ရှိပါကြောင်း၊နိုင်ငံတကာ ပါဝင်ပတ်သက်မှုများ ရှိပါကြောင်း၊ အိုအိုင်စီ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ပါဝင်ပတ်သက်မှုများ အထင်အရှား ရှိပါကြောင်း။"

သူက ရခိုင်ပြည်နယ်ကော်မရှင်ဖွဲ့စည်းတာနဲ့ပတ်သက်လို့ ကော်မရှင်ဟာ အကြံပြုရုံသာ လုပ်ပိုင်ခွင့်ရှိပြီး ကော်မရှင်ဖွဲ့ဖို့ စံ ၄ ခု သတ်မှတ်ပြီး ဖွဲ့စည်းခဲ့တယ်လို့လည်း ပြောပါတယ်။

ကော်မရှင်မှာ ပါဝင်တဲ့သူတွေဟာ ဘက်လိုက်မှု ကင်းရမယ်၊ လူအများက လေးစားတဲ့သူတွေ ဖြစ်ရမယ်၊ အတွေ့အကြုံရင့်ကျက်သူတွေဖြစ်ရမယ်၊ ထင်ပေါ်ကျော်ကြားသူတွေဖြစ်ရမယ် စတဲ့ စံ ၄ ခုနဲ့ ပြည်တွင်းမှာ ၆ ဦး၊ ပြည်ပမှ ၃ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အစိုးရက မကြာသေးခင် ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီ အပါအ၀င် ပါတီတချို့ရဲ့ ကန့်ကွက်ဝေဖန်မှုနဲ့ပတ်သက်လို့ အစိုးရဘက်က ပထမဆုံးအကြိမ် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013