DVB Logo
Home
မြန်မာသတင်း
နေပူတောင်ကျောက်ထုတ်လုပ်နေမှု လုံးဝရပ်ဆိုင်းပေးရန် တောင်းဆို
DVB
·
August 27, 2016
နေပူတောင်ကျောက်ထုတ်လုပ်နေမှု လုံးဝရပ်ဆိုင်းပေးရန် တောင်းဆို
1 / 11
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာရှိတဲ့ နေပူတောင်စီမံကိန်းက အလှဆင် မာဘယ်ကျောက်အမျိုးအစား ထုတ်လုပ်နေမှု လုံးဝ ရပ်ဆိုင်းပေးဖို့ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ကျောက်ထုတ်လုပ်မှုကြောင့် ရေရှည်လူမှုစီးပွား တိုးတက်မှုအတွက် လုံးဝ တစုံတရာအကျိုးမရှိတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာတာကြောင့် လုံးဝရပ်တန့်ပေးဖို့ တောင်းဆိုလိုက်တာလို့ ဆိုပါတယ်။

အလှဆင် မာဘယ်ကျောက်အမျိုးအစား ထုတ်လုပ်နေမှုကို ရပ်ဆိုင်းဖို့ ဒေသခံတွေ တောင်းဆိုပေမယ့် ဗီယက်နမ်ကုမ္ပဏီက ဆက်လက်အကောင်အထည်ဖော်နေလို့ ရခိုင်ပြည်နယ်အတွင်းက သဘာဝသယံဇာတတွေကို ဒေသခံတွေ သဘောဆန္ဒမပါဘဲ မလုပ်ဖို့ တောင်းဆိုလိုတ်တာလို့ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ဦးဇေယျကျော်က ပြောပါတယ်။

“နေပူတောင်ကို ဖြိုချပြီးတော့ ကုန်ကြမ်းအနေနဲ့ ထုတ်လုပ်နေကြတယ်။ ဒါပေမယ့် ဒေသကလည်း အကျိုးမရှိဘူး။ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုံးဝမလုပ်ပေးနိုင်ဘူး။ ကျနော်တို့ရင်ထဲမှာ ဘယ်လိုခံစားရလဲဆိုတော့ ကျနော်တို့ရဲ့ အသွေးအသားတွေ နိစ္စဒူဝစုပ်ထုတ်ပြီးတော့ မျိုးစုံလုပ်နေတာသည် ကျနော်တို့တွေ ဘာမှမျော်လင့်ချက်မရှိဘူး။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အစပေါ့။ ရွှေ့ပြောင်းအလုပ် သမားတွေနေနဲ့ ထိုင်းကိုရောက်ကုန်ကြတယ်။ လုပ်ငန်းခွင့်မှာ ကျနော်တို့တတွေမရှိဘူး။ ကျနော်တို့တတွေ ဆင်းရေးတွင်နက်ထဲကို ရောက်နေတဲ့အတွက်ကြောင့် ဒီလိုစီမံကိန်းမျိုးဆက်လက်ပြီး မထုတ်ကြပါနဲ့။”

ဒေသခံတွေ အကျိုးအမြတ်ခံစားခွင့် တစ်စုံတရာမရှိတဲ့အပြင် သာဘာဝပတ်ဝန်ကျင်းပါ ထိခိုက်လာတာကြောင့် ဒီစီမံကိန်းကို ဆက်လုပ်နေတွေ ရပ်တန့်ပေးဖို့ ဒေခံတွေက လိုလားနေကြပါတယ်။

ရခိုင်အမျိုးသားပါတီ (တောင်ကုတ်မြို့) ဥက္ကဋ္ဌ ဦးဖေကြွယ်က “ ဒီစီမံကိန်းဆက်လုပ်နေရင်း ရခိုင်ပြည်သူ ဘာမှ အကျိုးခံစားခွင့်ရတယ်လို့ ကျနော်တို့မတွေ့ရဘူး။ ကျနော်တို့ ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံ ကလည်း သယံဇာတအကျိုးခံစားခွင့်နဲ့ပတ်သက်ပြီးတော့ တောင်းဆိုထားတယ်ရှိတယ်။ နောက်ပြီးတော့ ကျောက်ဖြူမှာပဲ လုပ်တဲ့ သယံဇာတဖိုရမ်ကလည်း ဒီနေပူတောင်နဲ့ပတ်သက်ပြီး ရပ်တန့်ထားဖို့ဆိုတဲ့ ဆန္ဒသဘောထားဟာ ရခိုင်တပြည်နယ်လုံးရဲ့ ဆန္ဒသဘောထားတခုဖြစ်တယ်။ ကျနော်တို့ အကျိုးအမြတ်ခံစားခွင့် တခုတောင်မရှိဘဲနဲ့ ဒီလုပ်ငန်းတခုကို ဆက်လုပ်နေတာကတော့ သဘောမကျဘူး” လို့ ပြောပါတယ်။

နေပူတောင်စီးမံကိန်းကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ဗီယက်နမ်ကုမ္ပဏီနဲ့ စာချုပ်ချုပ် ဆိုခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်ကုမ္ပဏီက အဲ့ဒီစီမံကိန်းကို နှစ်ပေါင်း၂၀ အထိ လုပ်ပိုင်ခွင့် ရရှိထားပြီး ၂၀၁၃ ခုနှစ်ကစအလှဆင်မာဘယ်ကျောက်တွေကို ထုတ်ယူခဲ့ပါတယ်။

နေပူတောင်ကထွက်ရှိတဲ့ အလှဆင်မာဘယ်ကျောက်အမျိုးစားဟာ မြန်မာနိုင်ငံမှာ ရှားပါး ကျောက်အမျိုးအစား ဖြစ်ပြီးတော့ တနှစ်လျှင် မတ်ထရစ်တန်ချိန် ၇၈၅၀ ထုတ်ယူနှိင်တယ်လို့ သိရပါတယ်။ နေပူတောင်စီမံကိန်းချက်ချင်းကို ရပ်တန့်ဖို့ စစ်တွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်၂ မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြကျော်ကလည်း အဆိုတင်သွင်းတောင်းဆိုဖူးပါတယ်။

သတင်း-ဝဏ္ဏခွာညို၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013