DVB Logo
Home
မြန်မာသတင်း

တပ်မတော်အတွင်း စစ်ရာထူးများ တိုးမြှင့်ပြောင်းလဲခန့်အပ်

DVB
·
August 26, 2016
တပ်မတော်အတွင်း စစ်ရာထူးများ တိုးမြှင့်ပြောင်းလဲခန့်အပ်
Donate to DVB

မြန်မာတပ်မတော်အတွင်း စစ်တိုင်းမှူးတချို့ အပါအ၀င် အဆင့်မြင့်အရာရှိကြီးတွေကို    ဒီကနေ့ မနက်က ရာထူး တိုးမြှင့်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်အတွင်း ရာထူးတာဝန်တွေ တိုးမြှင့်ပြောင်းလဲခန့်အပ်ခဲ့သူတွေထဲမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊  ဒုဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ်နဲ့  ဗိုလ်ချုပ် ၀င်းသိန်း တပ်ထိန်းချုပ်တို့ပါဝင်ပါတယ်။

ရာထူး တိုးမြှင့်ပြောင်းလဲလိုက်တဲ့  စစ်တိုင်းမှူးတွေထဲမှာတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ၀င်းမင်းထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူ ဗိုလ်ချုပ် သန်းလှိုင်၊  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူ ဗိုလ်မှူးချုပ် လင်းအောင်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနဲ့  အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် သက်ပုံ တို့ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013