DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်အတွက် ၀မ်းနည်းကြောင်း ထိုင်းဘုရင်နှင့် မိဖုရားကြီးက သ၀ဏ်လွှာပို့
DVB
·
August 26, 2016
မြန်မာငလျင်အတွက် ၀မ်းနည်းကြောင်း ထိုင်းဘုရင်နှင့် မိဖုရားကြီးက သ၀ဏ်လွှာပို့
Donate to DVB

သြဂုတ်လ ၂၄ ရက် ညနေပိုင်းက မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာ ရသူရှိသလို မြန်မာ့ရှေးဟောင်း အမွေအနှစ်အတွက် အရေးကြီးတဲ့ ဘုရားပုထိုးစေတီတော်တွေ ပျက်စီးဆုံးရှုံးတဲ့အပေါ် ထိုင်းဘုရင်နဲ့ မိဖုရားက ငလျင်သင့်ပြည်သူများနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဘူမိဘောလ်အဒူရာဒေ့ခ်ျ နဲ့ မိဖုရားတော် တို့က   မြန်မာနိုင်ငံ သမ္မတကြီးနဲ့တကွ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ ထပ်တူ ထပ်မျှ ၀မ်းနည်းရပါကြောင်း သြဂုတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့တာပါ။

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း သြဂုတ် ၂၄ ရက်နေ့က လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့်  မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံဒေသမှာ  လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က တည်ထားခဲ့တဲ့  ရှေးဟောင်း ဗိသုကာ နဲ့ အနုပညာလက်ရာ ဘုရားပုထိုးစေတီပေါင်း ၁၈၇ နေရာ ပျက်စီးဆုံးရှုံးကြောင်း သိရှိရတဲ့အတွက် ၀မ်းနည်းရပါကြောင်း မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ဌာနကို သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် စေတီဘုရားပုထိုးတွေကို ရှေးမူလက်ရာမပျက် ပြန်လည်ထိန်းသိမ်းဖို့ နည်းပညာ နဲ့ ပညာရှင်အကူအညီ ရယူလိုကြောင်း  အလွတ်သဘော ကမ်းလှမ်းထားတာတွေရှိတဲ့အတွက် ထိုင်းဘက်က သုတေသနပညာရှင်နဲ့ ကျွမ်းကျင်သူတွေ စေလွှတ်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားထံ တင်ပြထားကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီး နိုင်းဝိရ ရှို့ထတ်ကျနတ် အပြောကို ကိုးကားပြီး ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းဘုရင်နဲ့ မိဖုရားဟာ သြဂုတ် ၂၄ ရက်နေ့က ငလျင်ကြောင့် သေဆုံး ပျက်စီးမှု များပြားခဲ့တဲ့ အီတလီ ပြည်သူပြည်သားတွေကိုလည်း ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းကို သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013