DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြန်မာသံရုံးရှေ့ အလုပ်သမားများဆန္ဒပြ
DVB
·
August 26, 2016
ဘန်ကောက်မြန်မာသံရုံးရှေ့ အလုပ်သမားများဆန္ဒပြ
1 / 5
Donate to DVB

ထိုင်းနိုင်ငံကို  နှစ်နိုင်ငံသဘောတူညီချက် (အမ်အိုယူ)နဲ့ လာရောက်တဲ့ မြန်မာသမားတွေ ဟာ အလုပ်အကိုင်နဲ့ နေထိုင်စားသောက်ရေး ကူညီစီစဉ်ဆောင်ရွက်ပေးဖို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဒီကနေ့ မနက်က သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမားတဦးဖြစ်တဲ့ ကိုလှမင်းထွန်းက သူတို့ထိုင်းနိုင်ငံကို ဇူလိုင် ၁၇ ရက်နေ့က တည်း ရောက်ရှိပေမယ့် ၂လနီးပါးကြာတဲ့ အခုချိန်ထိ တစုံတရာဆောင်ရွက်မပေးလို့ ဆန္ဒပြတာလို့ ပြောပါတယ်။

“ကျနော်တို့ အခုချိန်မှာ ၄၃ ရက်ကြာသွားပြီ။ အလုပ်မရရှိသေးဘူး။ သူတို့ဘက်က ကူညီမှု ဘာမှလည်းမပေးဘူး။ ကျနော်တို့ကို ထိုင်းရဲ့ ဥပဒေအတိုင်း ၇၅ ရာခိုင်နှုန်း၊ ၂၂၅ ဘတ် ကို ပေးမယ်ဆိုပြီးတော့ သူတို့ ကတိက၀တ်ပြုထားတယ်ပေါ့နော်။ ကတိက၀တ်ပြုတာကိုလည်း အကြိမ်ကြိမ်ချိုးဖောက်တယ်။ လာပေးခြင်းမရှိဘူးပေါ့။ သူတို့က ပါးစပ်နဲ့ပဲ သံအရာရှိ ဦးအောင်ကိုသန်းနဲ့အတူ ဇူလိုင် ၃၀ ရက်နေ့မှာ စာချုပ်ချုပ်ပြီး လက်မှတ်ထိုးတယ်။ ဒါပေမယ့် ၂၃ ရက်နေ့မှ လာပေးမယ်ဆိုပြီးတော့ လာပေးခြင်းလည်းမရှိဘူးပေါ့နော်။ လာပေးခြင်းလည်း မရှိတဲ့ အတွက် ကတိဖောက်ဖျက်လို့ ဆန္ဒပြတာပါ။”

ထိုင်းနိုင်ငံကို အမ်အိုယူ စာချုပ်နဲ့ လူပေါင်း ၂၇၆ ဦးရှိပြီး ရောက်ရောက်ခြင်းမှာ ၆၀ ကျော်ကိုသာ အလုပ်ပေးနိုင်ခဲ့ပြီး ကျန်သူတွေကို အလုပ်မပေးနိုင်ဘူးလို့ ကိုလှမင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေဟာ ဘန်ကောက်အနီး မဟာချိုင် အုန်းနွိုင့်ရပ်ကွက် မှာနေထိုင်နေကြရပြီး ပရဟိတ အလှူရှင်တွေရဲ့ လာရောက်လှူဒါန်းမှုနဲ့ စားသောက်နေကြရ ပါတယ်။

အလုပ်သမားတွေဟာ အေးဂျင့်ကုမ္ပဏီကတဆင့်  မြန်မာပြည် နယ်ပေါင်းစုံက လာ ရောက်ကြာတာဖြစ်ပြီး တချို့ဆိုရင် ထိုင်းကိုလာရောက်ဖို့ ကျပ်ငွေ ၇ သိန်းအထိ အကုန်ကျခံခဲ့ကြရတာပါ။

ဒီကနေ့မှာ လုပ်သမား ၁၀၀ ကျော်  မြန်မာသံရုံး ရှေ့လာရောက်ဆန္ဒပြခဲ့ပြီး ရဲလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပေမယ့် မြန်မာသံအရာရှိက ထွက်လာပြော ဆိုပေးခဲ့တယ်လို့လည်း ကိုလှမင်းထွန်းက ပြာပါတယ်။

“ အခုကအလုပ်သမားသံအရာရှိကတော့ ရှင်းနေတုန်းပါပဲ။ ပြန်ချင်တဲ့လူတွေကိုလည်း ပြန်ပို့ပေးမယ်ပေါ့။ မပြန်ချင်တဲ့လူကိုလည်း ထိုင်းရဲ့ ဥပဒေအတိုင်း ၂၂၅ ဘတ် ပေးမယ်လို့ သူက ပြောတယ်။ ဒါပေမယ့်လည်း သူရဲ့ကတိကတော့ ပေးခဲ့တာ ၃ ကြိမ်ရှိသွားပြီလေ။ ကုမ္ပဏီက  ကတိက တခါမှ တည်တယ်လို့မရှိဘူး။ ပြီးတော့ ထိုင်းရဲ့ ဥပဒေမှာ ပတ်စ်ပို့တွေ အလုပ်ရှင်က သိမ်းထားခွင့်မရှိဘူးဆိုပေမယ့် ကျနော်တို့ကို ပတ်စ်ပို့ကိုင်ဆောင်ခွင့် မပေးထားဘူး။”

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းလောက် ရွှေ့ပြောင်း ၀င်ရောက်လုပ်ကိုင်နေ တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- စိုင်းခွန်မင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013