DVB Logo
Home
မြန်မာသတင်း
တပ်မတော်သုံး မော်တော်ယာဉ်အတွင်း တရားမဝင်သစ်များ ဖမ်းမိ
DVB
·
August 26, 2016
တပ်မတော်သုံး မော်တော်ယာဉ်အတွင်း တရားမဝင်သစ်များ ဖမ်းမိ
1 / 2
Donate to DVB

တရားမဝင်သစ် တင်ဆောင်လာတဲ့ တပ်မတော်သုံး ၆ ဘီး မော်တော်ယာဉ် ၁ စင်းကို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ တပ်မတော်ယာဉ်ကို မြင်းမူမြို့နယ် သစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ  သြဂုတ် ၂၄ ရက်နေ့က သတင်းအရ စစ်ဆေးရာ မြို့အထွက် ထီးဆောင်းရွာအနီးမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။

တပ်မတော်သုံးယာဉ်ပေါ်မှာ တရားမ၀င် ပိတောက်ခွဲသား ၂၉ ချောင်း၊ တန်ချိန် ၃ တန်နီးပါး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သယ်ဆောင်လာသူတွေက တပ်မတော်သား ၂ ဦးဖြစ်ကြောင်း မြင်းမူမြို့နယ် ရဲမှူး ဦးစိုးမြင့်က ပြောပါတယ်။

"မွန်းလွဲ ၁၂ ခွဲက မြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးတာပါ။ ကလေးထောက်ပို့တပ်ကပါ။ သူတို့ကိုတော့ တပ်မတော်သားတွေဖြစ်တဲ့အတွက် တပ်စည်းကမ်းအရ အရေးယူဖို့ မိခင်တပ်ရင်းကို လွှဲပြောင်းဖို့ လုပ်နေပါတယ်။"

14046127_1828430554109968_6595253001327208774_nလက်ရှိမှာတော့ တရားမဝင်သစ်တင်ဆောင်လာသူ အဆိုပါ တပ်မတော်သား ၂ ဦးကို မြို့နယ်သစ်တောဦးစီးမှူးက တရားလိုပြုလုပ်ပြီး မြင်းမူမြို့မရဲစခန်းမှာ (ပ)၁၇၀ /၁၆ ၁၉၄၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆/၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း- ရန်နိုင်စိုး

ဓာတ်ပုံ-ကျော်သူရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013