DVB Logo
Home
မြန်မာသတင်း
ပြင်းအား ၇ အဆင့်ရှိ ငလျင် မြန်မာတွင် ထပ်လှုပ်နိုင်ဟု ထိုင်းပညာရှင်များ သတိပေး
DVB
·
August 26, 2016
ပြင်းအား ၇ အဆင့်ရှိ ငလျင် မြန်မာတွင် ထပ်လှုပ်နိုင်ဟု ထိုင်းပညာရှင်များ သတိပေး
Donate to DVB

ရစ်ခ်ျစတာစကေး အနည်းဆုံးပြင်းအား ၇.၀ အဆင့်ရှိ ငလျင် မြန်မာနိုင်ငံမှာ ထပ်လှုပ်နိုင်ပြီး ဒါဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ ဘန်ကောက်ကိုပါ ရိုက်ခတ်နိုင်တယ်လို့ ထိုင်းဘူမိဗေဒ ပညာရှင်တွေက သတိပေးထားပါတယ်။

သြဂုတ် ၂၄ ရက်က ၆.၈ ပြင်းအားရှိတဲ့ ငလျင်မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့ပြီးတဲ့နောက် နောက်ထပ် အလားလာရှိတဲ့ ငလျင်တွေ ထပ်လှုပ်နိုင်တဲ့ သတိပေးချက်ကို ထိုင်းဘန်ကောက်ပိုစ့် သတင်းက ဖော်ပြပါတယ်။

သတ္တုရင်းမြစ်ဌာနက ဘူမိဗေဒ ပညာရှင် ဆူဝစ်ကိုဆုဝမ်က နောက်ထပ်လှုပ်မယ့် ငလျင်က ဘန်ကောက်၊ မြောက်ပိုင်းခရိုင် ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ တပ်ခရိုင်တွေကို ရိုက်ခတ် နိုင်တယ်လို့ ပြောပါတယ်။

သြဂုတ် ၂၄ ရက်က ငလျင်ကို ဖြစ်ပွားစေတဲ့ အာရကန် ငလျင်ကြောကို စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

မြေငလျင်မလှုပ်ခတ်ခင်က အကြို လှုပ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ထပ်လှုပ်တာကို မတွေ့ရတာဟာ ထူးဆန်းနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းက ငလျင်အခြေအနေကို တာဝန်ရှိသူတွေက စောင့်ကြည့်နေတယ်လို့ သတ္တု ရင်းမြစ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013