DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဖျက်သိမ်းပေးရန် ရခိုင်ပါတီတောင်းဆို
DVB
·
August 25, 2016
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဖျက်သိမ်းပေးရန် ရခိုင်ပါတီတောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို လုံးဝအယုံအကြည်မရှိတဲ့အကြောင်းနဲ့ ကော်မရှင်ကို  ဖျက်သိမ်းပေးဖို့  ရခိုင်အမျိုးသားပါတီက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့်  ရေရှည်နည်းလမ်းတွေကို ရရရှိရေးအတွက် အကြံပေးဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အစိုးရက မနေ့ကမှ  ဖွဲ့စည်းလိုက်တာပါ။

ဒီဆောင်ရွက်ချက်ဟာ  မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံးရဲ့ မူလအခွင့်အရေးကိုထိခိုက် ဆုံးရှူံးစေတဲ့အပြင်  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုထိခိုက်နိုင်တယ်လို့ ရခိုင်အမျိုးသား ပါတီက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီးတုန့်ပြန်လိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဦးလှစောက “ရခိုင်ပြဿနာက ရခိုင်တွေအသိဆုံး၊ နိုင်ငံခြားသားတွေက ဦးဆောင်ပြီးပါဝင်နေတဲ့ ကော်မရှင်တခုက ရခိုင်ပြည်ရဲ့ ပြဿ နာကို လာရောက်ရှင်းမယ်ဆိုတာ ဒါသံတမန်လုပ်ထုံးလုပ်နည်းအရ သော်လည်းကောင်း ဒီမှာ လုပ်ထုံးလုပ်နည်းအရလည်း မူမမှန်ဘူး။ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒသဘောထား၊  နောက် ကျနော်တို့က ရခိုင်ပြည်သူကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ပါတီ၊ ရခိုင်အမျိုးသားပါတီရဲ့ တရားဝင်ကိုယ်စားပြုမှုရယူထားတဲ့ အမတ်တွေရှိတယ်။ အဲဒီအမတ်တွေကလည်း ဘာမှသိခွင့်မရှိဘဲ လုပ်တယ်ဆိုတော့ဒါက ဒီမိုကရေစီလုပ်ထုံး လုပ်နည်းကို ဘောင်ကျော်ပြီးတော့ ထင်တိုင်းလုပ်တဲ့လုပ်ရပ်ပဲ။ အဲတော့ ဒါကကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူးလေ။ ”လို့ဒီဗွီဘီကို ပြောပါတယ်။

အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအ အညီတွေပံ့ပိုးရေး၊ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး စတာတွေကို လေ့လာသုံးသပ်အကြံပြုဖို့ အများလေးစားအတွေ့အကြုံ ရင့်ကျက်လူသိများတဲ့  မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံတာက ပုဂ္ဂိုလ် ၃ ဦး၊ စုပေါင်း အဖွဲ့ဝင် ၉ ဦးနဲ့ ကော်မရှင်ကို  ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မရှင်မှာ ကိုဖီအာနန်အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဝင်းမြနဲ့ ဦးခင်မောင်လေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့က ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ဒေါ်စောခင်တင့်၊ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် မစ္စတာ ဂါဆမ်ဆလမ်၊ နယ်သာလန်သံအမတ်ကြီး မစ္စလက်တီတီရာ ဗန်ဒန်အာ ဆမ်တို့လည်းပါဝင်ပါတယ်။

ရခိုင်အမျိုးသားပါတီကတော့ ဒီကော်မရှင်မှာ ရခိုင်တွေရဲ့ နောက်ခံသမိုင်းနဲ့ ဖြစ်တည်နေမှုကို နားလည်နိုင်စွမ်းမရှိတဲ့ နိုင်ငံတကာက ပုဂ္ဂိုလ် ၃ ဦးပါဝင်နေတာကိုလည်း ကန့်ကွက်လိုက်ပါတယ်။

ဒ့ါအပြင် ပြည်သူကရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ်အနေနဲ့ အလွန်အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး ဦးစားပေး လုပ်ဆောင်ရ မယ့်အစား အလွန်ထိလွယ်ရှလွယ်တဲ့ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိုသာ ရှေ့တန်းတင်ဇောင်ပေး လုပ်ဆောင်နေတာဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိပါးလာ နိုင်တယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013