DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ထီးလိုမင်းလိုစေတီတော် ပြုပြင်လိုကြောင်း သမ္မတထံစာပို့
DVB
·
August 25, 2016
ငလျင်ဒဏ်သင့် ထီးလိုမင်းလိုစေတီတော် ပြုပြင်လိုကြောင်း သမ္မတထံစာပို့
Donate to DVB

ငလျင်ဒဏ်သင့် ပုဂံ ထီးလိုမင်းလို စေတီတော်ကို ပြုပြင်လိုကြောင်း ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက သြဂုတ် ၂၅ ရက်နေ့မှာ သမ္မတထံ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

“ဒီနေ့ပဲ နိုင်ငံတော် သမ္မတရုံးကို စာတင်လိုက်ပါပြီ” လို့ အသင်းရဲ့ အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ဒီဗွီဘီကို ပြောပါတယ်။

သူတို့အသင်းအနေနဲ့ စေတီသေးသေးကိုလည်း မပြင်လိုတဲ့အပြင် နိုင်ငံတော်အဆင့် ပြုပြင်သင့်တဲ့ စေတီတော်တွေကိုလည်း ဆောင်ရွက်နိုင်မှာ မဟုတ်တဲ့အတွက် ထီးလိုမင်းလို စေတီတော်ကို ရွေးချယ်တာလို့ သူက ပြောပါတယ်။

“သြဇာ အာဏာနဲ့ ပတ်သက်လာရင် ထီးလိုမင်းလိုနဲ့ ဓမ္မရာဇက ဘုရားတွေကတော့ ပေါ်ပြူလာ အဖြစ်ဆုံးပဲ” လို့ ရှေးဟောင်းသုတေသန ဘာသာရပ် သင်ကြားရေးဆရာတစ်ယောက်ဖြစ်ခဲ့သူ ဦးဇော်ထက်က ပြောပါတယ်။

ထီးလိုမင်းလိုဘုရားကြီးကို နရပတိစည်သူမင်းရဲ့ သားတော် ဇေယျသိင်္ခ လို့ခေါ်တဲ့ နားတောင်းများမင်းက တည်ခဲ့တာပါ။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းဟာ သမ္မတဟောင်း ဦးသိန်းစိန်ကို အိမ်တော်မှာ နှုတ်ဆက်ပွဲ လုပ်အပြီး သူ့ကို ထောက်ခံသူတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

“ကျနော်တို့အသင်းနဲ့ ဘဘကြီး (သမ္မတဟောင်း ဦးသိန်းစိန်) နဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အားပေးတယ်ဆိုတဲ့အကြောင်းတော့ ခဏ ခဏ ပြောပါတယ်” လို့ ဦးအောင်ပိုင်မင်းက ပြောပါတယ်။

သြဂုတ်လ ၂၄ ရက် ညနေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံက ဘုရားစေတီ ၁၈၂ ဆူ ထိခိုက်ပျက်စီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013