DVB Logo
Home
မြန်မာသတင်း
ငလျင်သင့် ပုဂံကို သမ္မတ ဦးထင်ကျော် ရောက်ရှိ (ရုပ်သံ)
DVB
·
August 25, 2016
ငလျင်သင့် ပုဂံကို သမ္မတ ဦးထင်ကျော် ရောက်ရှိ (ရုပ်သံ)
Donate to DVB

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့လို့ ပုဂံက ဘုရားစေတီ ၁၈၀ ကျော်လောက် ပျက်းစီဆုံးရှုံးသွားတာကို ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပုဂံညောင်ဦးလေဆိပ်ကို ဒီကနေ့နေ့လယ် ရောက်ရှိလာခဲ့ပါတယ်။
သမ္မတဦးထင်ကျော်နဲ့အတူ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ ပြန်ကြားဝန်ကြီးတို့ လိုက်ပါသွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။
ဒီကနေ့မနက်ပိုင်းမှာလည်း သာသနာရေးနဲ့ ယာဉ်ကျေးမူဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေနဲ့ တာဝန်ရှိ သူတွေဟာ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ငလျင်ဒဏ်သင့် ရှေးဟောင်းပုဂံဘုရားတွေ ပျက်စီးထိခိုက်မှု အရေးပေါ်အစည်းအဝေးတခုကို ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီအစည်းအဝေးမှာ သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတကာအကူညီတွေနဲ့ နည်းပညာတွေကို လက်ခံသွားဖို့ရှိတယ်လို့ပြောပါတယ်။
စေတီပုထိုးတွေ ပြိုကျပျက်စီးခဲ့တာ အခုအခါနဲ့ဆို သုံးခါရှိပြီဖြစ်တဲ့အတွက် ဒီတစ်ခါပြင်ဆင်မူမှာ ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်သွားမယ်လို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က ချောက်မြို့ရဲ့အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျစတာစကေး ၆.၈ အဆင့်ရှိတဲ့ အင်အားပြင်းထန်တဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားတဲ့အတွက် မြန်မာနိုင်ငံရဲ့ရှေ့ဟောင်းစေတီပုထိုးတွေ တည်ရှိတဲ့ပုဂံမှာ ဘုရားစေတီ စုစုပေါင်း ၁၈၀ လောက်ပျက်စီးသွားတယ်လို့ ကနဦးစစ်ဆေးမှုတွေအရ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာတနိုင်ငလုံး အတိုင်းအတာအနေနဲ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ရှေးဟောင်းဘုရားစေတီတွေအပါအဝင် အအောက်အအုံ ၂၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013