DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီပုထိုးများပြင်ဆင်မှု အချိန်ယူရမည်
DVB
·
August 25, 2016
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီပုထိုးများပြင်ဆင်မှု အချိန်ယူရမည်
1 / 8
Donate to DVB

သြဂုတ် ၂၄ ရက်နေ့က ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်း ဘုရားစေတီတွေကို ပြင်ဆင်ဖို့ အချိန်ယူရမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

လောလောဆယ်မှာတော့ ပုဂံရဲ့ ပျက်စီးမှုတွေကို လေ့လာဖို့ ပြည်ထောင်စုဝန်ကြီး အပါအ၀င် ဒုညွှန်ချုပ်တွေ၊ ဗိသုကာသမားတွေ သွားရောက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ယူနက်စကိုက နည်းပညာသမားတွေနဲ့ ပေါင်းစပ်ပြီး ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ရမယ်လို့ ဒုတိယ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

“ပျက်စီးမှုတွေကို မှတ်တမ်း ပြုစုမယ်။ အများအမြင်မှာတော့  ချက်ချင်းပြင်ဆင်ဖို့ စဉ်စားမိမယ်။ ဒါပေမယ့် အုတ်ပုံသဲပုံတွေကို ဖယ်လိုက်ရင် ဘာကြောင့်ဖြစ်တယ်ဆိုတာ မစစ်နိုင်တော့ဘူး။ အလျင်လိုလို့ မရဘူး။ လောလောဆယ်မှာ ဒါတွေကို ပျက်ပုံအတိုင်း ထားရမယ်။ ပြီးတော့ နောင် မဖြစ်ဖို့ တခုချင်း အသေးစိတ် ပြင်ဆင်ဖို့ လုပ်မယ်” လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးရဲမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ သိရသလောက် ပုဂံမှာ ရှေးဟောင်းစေတီ ၁၈၂ ဆူ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ ၁၉၇၅ ခုနှစ် ပုဂံငလျင်မှာတော့ ဒါထက် ပိုပျက်စီးခဲ့ တာပါ။ ၁၉၉၆-၉၇ ခုနှစ်မှာ အလှူရှင်တွေ ခေါ်ပြီး ရှေးဟောင်း ဘုရားတွေကို ပြင်ခဲ့ကြပါတယ်။ ခုက ပြင်ထားတာတွေက ပြန်ပျက်တာ များတာပါ။

“အရင်က သုံးခဲ့တဲ့ အုတ်၊ နည်းစနစ်နဲ့ လက်ရှိ စနစ်က သဟဇာတ မဖြစ်တာ တွေ့ရတယ်။ အရင်အဟောင်းတွေက သိပ်မဖြစ်ဘူး။ ပြင်ထားတာတွေပဲ အများအားဖြင့် ပျက်တာ တွေ့ရတယ်။ လူတွေက ဘုရားပျက်တယ်၊ ပြင်ချင်တယ်ဆိုပြီး ဒီခေတ်ပုံစံ ပြန်လုပ်ရင် တန်ဖိုးက ဇီးရိုးဖြစ်သွားတယ်” လို့လည်း ဦးရဲမြင့်က ပြောပါတယ်။

သြဂုတ် ၂၄ ရက်ညနေပိုင်း ငလျင်လှုပ်ခတ်ပြီးနောက် ဒီနေ့မနက် ပုဂံမြင်ကွင်းများ (ဓာတ်ပုံ - ကျော်ဇေယျာဝင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013