DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် အီတလီ ငလျင်အတွက် ကုလ ထောက်ပံ့ကူညီရန် အသင့်ရှိနေ
DVB
·
August 25, 2016
မြန်မာနှင့် အီတလီ ငလျင်အတွက် ကုလ ထောက်ပံ့ကူညီရန် အသင့်ရှိနေ
Donate to DVB

အားပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့တဲ့ အီတလီနဲ့မြန်မာက အခြေအနေကို ကုလသမဂ္ဂ ပြန်လည် ထူထောင်ရေးအဖွဲ့က စောင့်ကြည့်နေပြီး ဒေသခံတွေလိုအပ်မယ်ဆိုရင် ၂ နိုင်ငံလုံးကို အကူအညီပေးဖို့ ကုလသမဂ္ဂနဲ့ လက်တွဲဖော်တွေက အသင့်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောခွင့်ရက ပြောပါတယ်။

အီတလီနဲ့ မြန်မာက ငလျင်ကြောင့် လူတွေအသက်ဆုံးရှုံးပြီး ပျက်စီးခဲ့တဲ့ သတင်းတွေအတွက် အတွင်းရေးမှူးချုပ်က ၀မ်းနည်းရတယ်လို့ ပြောခွင့်ရ စတီဖင်နည်း ဒူဂျာရစ်က ပြောပါတယ်။ ၂ နိုင်ငံ အစိုးရနဲ့ပြည်သူအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေကို ပေးပို့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

၂ နိုင်ငံက တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ရုံးတို့ ဆက်သွယ်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

သြဂုတ် ၂၄ ရက်က အီတလီနိုင်ငံမှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ကြောင့် လူ ၁၂၀ လောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ငလျင်ကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ဘုရားစေတီ ၁၈၅ ဆူလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013