DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းဆေး ၅ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းဦးစီးကြေညာ
DVB
·
August 25, 2016
တိုင်းရင်းဆေး ၅ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းဦးစီးကြေညာ
Donate to DVB

တိုင်းရင်းဆေး ၅ မျိုးမှာ အနောက်တိုင်းဆေးတွေ ရောနှောထုတ်လုပ်ထားတဲ့အပြင် မှတ်ပုံတင် ထားခြင်းလည်း မရှိတဲ့အတွက် သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဆေးတော်ကြီး၊ စံပြည့်ဖြိုး၊ စိန်လက်မ၊ မေတ္တာရှင်၊ အဆစ်ပုံစတဲ့ တိုင်းရင်းဆေးတို့ကို မသုံးကြဖို့နဲ့ တိုင်းရင်းဆေးရောင်းတဲ့ ဆေးဆိုင်တွေအနေနဲ့လည်း အဲ့ဒီလို မှတ်ပုံမတင်ထားတဲ့ ဆေးတွေကို မရောင်းဖို့ ကြေညာချက်ထဲ ဖော်ပြပါတယ်။

တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးတွေ ဆေးဝါးအတုတွေ စံမညီ တိုင်းရင်းဆေးတို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ မလုပ်ကြဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိရင် တိုင်းရင်းဆေးဥပဒေနဲ့ တရားစွဲအရေးယူမယ်လို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013