
သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စေမော်ကျေးရွာနဲ့ ကြတ္တိန်ကျေးရွာသွားလာလမ်းဘေး တောင်ပေါ်က ဒေသခံ အခေါ်အရ ကြက်သေနဂါးခေါ်မီးတောင်ဟာ ၅ နာရီခွဲအချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အချိန် မိနစ် ၃၀ လောက် ကြာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်ဖြူ ရွှံ့မီးတောင်လည်း ငလျင်ဒဏ်ကြောင့် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ အမြင့်ပေ ၂၀ ထိတက်ပြီးတော့ ပေ ၄၀ လောက်အထိ ရွှံ့ရည်တွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။ ရွှံ့မီးတောင် ပေါက်ကွဲမှုမှာ လူနေအိမ်ခြေထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
သတင်း ထွန်းထွန်းနိင်(ကျောက်ဖြူ )၊ ရုပ်သံ - ဓညလင်း










