DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပုဂံညောင်ဦးဘုရားစေတီ ၁၈၅ ဆူ ပျက်စီး၊ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်နိုင်
DVB
·
August 25, 2016
ငလျင်ကြောင့် ပုဂံညောင်ဦးဘုရားစေတီ ၁၈၅ ဆူ ပျက်စီး၊ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်နိုင်
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်းမှာ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄ မိနစ်က လှုပ်ခတ်သွားတဲ့ ၆ ဒသမ ၈ ရစ်ခ်ျတာစကေး မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ဘုရားစေတီ ၁၈၅ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျပြီး သစ်တပွေရပ်ကွက်မှာ လူ ၂ ဦး သေဆုံးခဲ့ပြီး ပခုက္ကူမြို့နယ်မှာ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျလို့ လူ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိပြီး ကွန်းရွာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆက်တွဲငလျင်ငယ်တွေ ထပ်မံလှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့တဲ့ ဒေသတ၀ိုက်နဲ့ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ လူကယ်ပြန်ဌာနက သတိပေးနှိုးဆော်ထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်လောက်က မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013