DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ
DVB
·
August 24, 2016
ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့ ညနေက လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှေးဟောင်းဘုရားစေတီ ၆၅ ဆူလောက် ထီးတော်ယိုင်၊ စိန်ဖူးတော်မြေခ၊ ဖောင်းရစ်တွေ အက်ကွဲခဲ့တယ်လို့ လူကယ်ပြန်ဌာနက သတင်း ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျပြီး  သစ်တပွေရပ်ကွက်မှာ  လူ ၂ ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာတော့  ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျလို့ လူ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိပြီး ကွန်းရွာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။

မင်းလှမြို့နယ်ရှိ ဘုရားစေတီ ၁ ဆူ စိန်ဖူးတော်မြေခခြင်း၊ ငဖဲမြို့နယ်မှာ  အိမ်အချို့ပြိုကျပျက်စီးခြင်းရှိခဲ့သလို ချောက်မြို့နယ်မှာ  အဆောက်အဦနှင့်နေအိမ်အချို့ပျက်စီးကာ ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာမှာ စေတီ(၁)ဆူပြိုကျ အဆောက်အဦအချို့ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရတနာ့မာန်အောင်စေတီတော် ပြိုကျခဲ့သလို  စစ်တွေမြို့နယ်မှာတော့  ဓာတ်တိုင်တွေယိမ်းယိုင်သွားပြီး  နေပြည်တော်လွှတ်တော်အဆောက်အဦမှာ မျက်နှာကျက်တွေ အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ အစိုးရဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013