DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးသွားမည်
DVB
·
August 24, 2016
သမ္မတ ဦးထင်ကျော် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးသွားမည်
Donate to DVB

မြန်မာသမ္မတ ဦးထင်ကျော်ဟာ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကို မကြာခင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့  အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ  အိန္ဒိယ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဇနီးဒေါ်စုစုလွင်လည်း ဒီခရီးစဉ်မှာ လိုက်ပါသွားဖို့ရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက  အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ်   မြန်မာပြည်ခရီးစဉ်မှာ ဖိတ်ကြားခဲ့တာဖြစ်ပြီး သွားရောက်မယ့် ရက်အတိအကျကိုတော့မသိရသေးပါဘူး။

သမ္မတ ဦးထင်ကျော်ဟာ  အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ် ၂၂ ရက်က  နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပဲစိုက်တောင်သူများအတွက် အိန္ဒိယနိုင်ငံမှ နည်းပညာ အကူအညီပေးရေးတို့ကို ဆွေးနွေးကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးနောက် သမ္မတ ဦးထင်ကျော်ဟာ လာအို၊ ရုရှားနဲ့ မွန်ဂိုလီးယားနိုင်ငံ ပြည်ပခရီးစဉ်တွေသွားရောက်ခဲ့ပြီး  အိန္ဒိယ နိုင်ငံကို ပထမဆုံး အကြိမ်သွားရောက်မယ့်ခရီးစဉ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013