DVB Logo
Home
မြန်မာသတင်း
အရေးပေါ်စီမံမှုဥပဒေ ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်
DVB
·
August 24, 2016
အရေးပေါ်စီမံမှုဥပဒေ ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်
Donate to DVB

စစ်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်ရာမှာ အသုံးပြုခဲ့တဲ့  ပုဒ်မ ၅ (ည) လို့ လူသိများတဲ့ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော်က ဒီကနေ့  မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေကြမ်းကော်မတီကတင်သွင်းတဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၂၃ မဲ၊ ကြားနေမဲ ၅ မဲနဲ့ ထောက်ခံသူ များတဲ့အတွက် ဥပဒေကို ရုပ်သိမ်းတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

ဥပဒေရုပ်သိမ်းဖို့ လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြသူ တပ်ကိုယ်စားလှယ် ၄ ဦးအပါအ၀င်  ကိုယ်စားလှယ် ၅ ဦးရှိပြီး ၅ ဦးစလုံးက ဥပဒေကို ပြင်ဆင်ဖို့နဲ့ ရုပ်သိမ်းဖို့ မသင့်ဘူးလို့ ကန့်ကွက် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီနောက် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းရန် မသင့်ဘူးလို့ သဘောထားမှတ်ချက်ပေး ဆွေးနွေးခဲ့ပါတယ်။

ဥပဒေရုပ်သိမ်းဖို့ တင်တဲ့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကတော့  ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း အချက် ၅ ချက်နဲ့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံသားများအတွက် ၁။ မျှတမှု ကင်းမဲ့သော၊ ၂။ ကြိုက်သလို ဖမ်းဆီးနိုင်သော၊ ၃။ နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို အချိန်မရွေး ပယ်ဖျက်နိုင်သော၊ ၄။ ဖိနှိပ်မှုသန္ဓေပါ၍ ဖိနှိပ်သော၊ ၅။ ကောင်းမွန်သော အုပ်ချုပ်မှုနှင့်သန့်ရှင်းသော အစိုးရဖြစ်မှုကို ဆန့်ကျင်နေသော ဥပဒေဖြစ်သဖြင့် တရားစွဲဆိုရန် ခွင့်ပြုမိန့်ကို ထိန်းချုပ်ရုံမျှနှင့် ဥပဒေပါစာသားများကို ပြင်ဆင်ရုံမျှဖြင့် လုံလောက်နိုင်သော ဥပဒေ မဟုတ်ဘဲ ဥပဒေတခုလုံးအား ရုပ်သိမ်းသင့်သော ဥပဒေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းကျင့်သုံးနေတဲ့ ဥပဒေပေါင်း ၄၁၈ ခုရှိပြီး အခု  အရေးပေါ် စီမံမှုအက်ဥပဒေလို နာမည်ဆိုးနဲ့ သမိုင်းကြောင်းမကောင်းတဲ့ ဥပဒေ လက်တဆုပ်စာပဲ ရှိတယ်လို့လည်း ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌက ပြောသွားပါတယ်။

၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းဖို့ သြဂုတ်လဆန်းပိုင်းမှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ်ကျင်းပခဲ့တဲ့ လွှတ်တော်အတွင်း ဒီဥပဒေကို ဖျက်သိမ်းဖို့ အခု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအ၀င် ကိုယ်စားလှယ် ၂ ဦးက တင်ပြဆွေးနွေးခဲ့ဖူးပြီး မဲခွဲ ဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013