DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်သည်ရောင်းရန်မဟုတ်ကြောင်း ဘန်ကောက်တွင် သတင်းစာရှင်း
DVB
·
August 24, 2016
သံလွင်မြစ်သည်ရောင်းရန်မဟုတ်ကြောင်း ဘန်ကောက်တွင် သတင်းစာရှင်း
1 / 2
Donate to DVB

သံလွင်မြစ်ပေါ်မှာ ရေကာတာတွေတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို ကန့်ကွက်တဲ့အနေနဲ့  ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တချို့ဟာ  (သံလွင်မြစ်သည် ရောင်းရန်မဟုတ်ကြောင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

ရေကာတာဆောက်လုပ်ပြီး ရလာတဲ့ ရေအားလျှပ်စစ်တွေ ပြည်ပတင်ပို့ရောင်းချမယ့် အစီအစဉ်ဟာ ဌာနေတိုင်းရင်းသားတွေအတွက် အကျိုးမရှိတဲ့အပြင် ဆိုးကျိုးတွေသာ ပိုမိုဖြစ်ပေါ်စေတယ်လို့  ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က  ဒီဗွီဘီကို ပြောပါတယ်။

“သံလွင်မြစ်ပေါ်ဆောက်လုပ်မယ့် ရေကာတာစီမံကိန်းတွေကို ရပ်တံ့ဖို့ တောင်းဆိုတယ်။ သံလွင်မြစ်ကို ရောင်းစားမယ့်အစီအစဉ်ကို ကန့်ကွက်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိခိုက်စေတယ်။ ရေကြီးမှုဖြစ်တယ်၊ ငလျင်တွေလှုပ်တယ်။  ငြိမ်းချမ်းရေးဖြစ်စဉ်ကို လည်း ထိခိုက်စေတယ်၊ ဒါကြောင့် ရေကာတာတွေ ဆောက်လုပ်ဖို့ အချိန်မတိုင်သေးဘူး၊    ရေကာတာကရလာတဲ့ အကျိုးအမြတ်ကိုလည်း ပြည်သူတွေ ဘာမှမရဘူး။ အထူးသဖြင့် ထိုင်းနဲ့ တရုတ်ကပဲ ရသွားမယ်။ ဒါကြောင့် ရေကာတာတွေ မဆောက်သင့်ဘူး။”

ဒေသခံတွေကလည်း ဒီစီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြနေကြပေမယ့် ရေကာတာ ဆောက်လုပ်မယ့် ကုမ္ပဏီတွေကတော့ သူတို့ဝက်ဘ်ဆိုက်တွေကနေပြီး ဒေသခံတွေကို ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသခံတွေက ရေအားလျှပ်စစ်လိုလားကြောင်း၊ သဘောတူကြောင်း ရေးသား ဖော်ပြနေတဲ့အတွက် နိုင်ငံခြားသတင်းဌာနတွေကနေတဆင့် ကမ္ဘာကသိရှိစေဖို့ ထိုင်းနိုင်ငံမှာ လာရောက်ပြီး သတင်း စာရှင်းပွဲကျင်းပရတာလို့ သူကဆက်ပြောပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေကာတာစီမံကိန်း ၅ ခုရှိပြီး  ကွန်လုံ၊ နောင်ဖာနဲ့ မိုင်းတုံ ရေကာတာက ရှမ်းပြည်နယ်၊ ဟတ်ကြီးရေကာတာက ကရင်ပြည်နယ်နဲ့  ရွာသစ်ရေကာတာကတော့  ကယားပြည်နယ်ထဲမှာ ရှိပါတယ်။

ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ဟိုပန်မြို့နယ်ကြားက နောင်ဖာရေ ကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အဓိက ရှင်းပြခဲ့တယ်လို့ စိုင်းခေးဆိုင်က ဆက်ပြောပါတယ်။

လတ်တလော အဲဒီနောင်ဖာဒေသမှာ သြစတြေးလျနိုင်ငံ စနိုးပီးတောင် အင်ဂျင်နီယာ ကော်ပိုရေးရှင်း (SMEC) က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုဆန်းစစ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီး စက်တင်ဘာလထဲ အပြီးသတ်ဖို့ရှိနေတဲ့အတွက်ရော၊ ဒီလထဲမှာပဲ နောင်ဖာဒေသနဲ့ တကြောတည်းဖြစ်တဲ့ ဟိုပန်မြို့နယ်ထဲမှာ ငလျင် ၃ ခါလှုပ်ပြီး ရေကြီးမှုဖြစ်ပွား ခဲ့တာကြောင့် နောင်ဖာရေကာတာကို အဓိကထားရှင်းလင်းခဲ့ကြောင်း စိုင်းခေးဆိုင်က ပြောပါတယ်။

2ဒီ ၂၆ ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကလည်း သံလွင်မြစ်ပေါ်ရှိ ရေကာတာများ ရပ်ဆိုင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို စာတစ်စောင် ပေးပို့ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013