DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ
DVB
·
August 24, 2016
ချင်းမိုင်တွင် မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံချင်းမိုင်မှာ ဒီကနေ့မနက်က အသတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိကြောင်း  ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ချင်းမိုင်မြို့ ၀ပ်ကစ်ရပ်ကွက်ထဲမှာ အမျိုးသားတဦးအလောင်း တွေ့ရှိကြောင်း သတင်းပေးပို့ ချက်အရ အခင်းဖြစ်ပွားရာ ကယောက်နတ်ဝရလမ်းပေါ်ရှိ အငှါးအိမ်ခန်းတွဲ တခန်းတွင်း သွားရောက်စစ်ဆေးရာမှာ ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ နံရံကိုထိုင်မှီပြီး သေဆုံးနေတဲ့ လူငယ်တဦး အလောင်းကို တွေ့ရှိခဲ့တာလို့ မယ့်ပင်းရဲစခန်းမှ တာဝန်ကျဒုရဲမှူး ဆုမ်ဒိန် ဒဲန်ခုန့်က သတင်းထောက်တွေကို ပြောကြောင်း ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၈ နှစ်ရွယ်ရှိ စိုင်းမိုင်းဆိုသူ မြန်မာ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲနဲ့ လဲကျနေတဲ့ ဆိုင်ကယ်တစ်စီးကိုပါ တွေ့ရတာကြောင့် မသေဆုံးခင် ခိုက်ရန်ဖြစ်ပွားပြီး ထိုးနှက်ကြ ဟန်ရှိကြောင်း၊ လွန်ခဲ့တဲ့ ၁၂ နာရီလောက်က သေဆုံးခဲ့ဟန်ရှိကြောင်း ဒုရဲမှူးက ပြောပါတယ်။

အိမ်ခန်းကြီးကြပ်သူရဲ့ ပြောဆိုချက်အရ သေဆုံးသူဟာ အဲဒီလမ်းထဲက ယာယီတဲ အရောင်းဆိုင်တဆိုင်မှာ အလုပ်လုပ်နေပြီး အဲဒီအခန်းမှာ ငှားနေတာ ၂ လကျော်ပဲ ရှိသေးကြောင်း၊ မနေ့ညနေက အိမ်နီးချင်းတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောနေတာတွေ့ရပြီး ဒီနေ့မနက် ၆ နာရီ အခန်းတွေ လိုက်လံစစ်ဆေးရာမှာ သူ့အခန်းထဲကနေ သွေးကြောင်းတွေ အပြင်ကို စီးထွက်လာတာ တွေ့ရတဲ့အတွက် ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ ပြောပါ တယ်။

လူသတ်တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေ ကောက်ယူပြီး  နီးစပ်ရာလူတွေကို မေးမြန်းစုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013